နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှေဦးပြုစုခြင်း (အခြေခံ/သာမန်)သင်တန်း ၁/၂၀၂၄ ဖွင့်လှစ်

ဇွန် ၂၁

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အလုံခရိုင်ကြက်ခြေနီကြီးကြပ် မှုကော်မတီ၊ အလုံမြို့နယ်ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့က စီစဉ် ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ/သာမန်)သင်တန်း ၁/၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန် တိုင်း ဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ခရိုင်ဥက္ကဌ ဒေါက်တာ အောင်ခင်က သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးအလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ဌေးကြွယ်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ကြက်ခြေနီ အသင်း ခွဲငယ် တာဝန်ခံအမှတ်(၇) အခြေခံပညာအထက်ကျောင်း အုပ်ဆရာမကြီး ဒေါ်သိင်္ဂီက ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ သင်တန်းကို ရှေးဦးပြုစုခြင်း အခြေခံသင်တန်းတွင် သင် တန်းသား (၃၀) ဦး၊ ရှေးဦးပြုစုခြင်းသာမန်သင်တန်းတွင် သင်တန်း သား ၃၀ဦး ၊ စုစုပေါင်း ၆၀ ဦးဖြင့် ဇွန် ၂၀ ရက်မှ ၂၉ ရက်အထိ သင်ကြားသွားမည်ဖြစ်သည်။








တင်တင်ချို (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ