နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပရှိ အမေရိကန်နျူလက်နက်များ ဖယ်ရှားရန် ရုရှား တောင်းဆို

မော်စကို၊ဇွန် ၂၁

အမေရိကန်အနေဖြင့် ဥရောပတွင် ဖြန့်ကျက်တပ်ဆင်ထားသော နျူက လီယား လက်နက်အားလုံးကိုရုပ်သိမ်း ရန်နှင့်၎င်းတို့ တပ်ဖြန့်ထားသော စစ်ဘက်ဆိုင်ရာအခြေခံအဆောက် အအုံများကို ဖယ်ရှားရန် တောင်းဆို ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာက ဇွန် ၂၀ ရက်တွင် ပြော သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများသို့ ပူးတွဲ နျူကလီယားမစ်ရှင်များအတွက်အမေ ရိကန်လက်နက်များ ခွဲဝေပေးထား ခြင်းကြောင့် ဥရောပတိုက်ကြီး၏ လုံခြုံရေးအတွက် အဆိုးရွားဆုံး ပြဿနာဖြစ်စေကြောင်း မာရီယာ ဇာခါ ရိုဗာက ပြောသည်။

ဥရောပတွင် အမေရိကန်၏ လက်နက်များ ဖြန့်ကျက်ထားမှုသည် အမေရိကန်နိုင်ငံပိုင်နက်နှင့်ကီလို မီတာထောင်ပေါင်းများစွာ ဝေးကွာ သော ရုရှားပိုင်နက်အတွင်းရှိ စစ်ဆင် ရေးများအထိပါ လက်လှမ်းမီ ရောက် ရှိနိုင်ကြောင်း မာရီယာ ဇာခါရိုဗာက ပြောသည်။

အမေရိကန်နှင့် ၎င်း၏ ဥရောပ မဟာမိတ်များသည် နျူကလီယား လက်နက်များကို လက်ရှိအချိန်တွင် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်နေ ကြောင်း နေတိုး အဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်စတိုလ်တန်ဘာ့ဂ်က အတည်ပြု ထားသည်။                       








(ref:AFP)






အခြားဆက်စပ်သတင်းများ