နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အက်ကာဂျူလာမြို့ကမ်းခြေတွင် ပလတ်စတစ် တန်ချိန်များစွာ မျောတင်

ဝါရှင်တန်၊ ဇွန် ၂၁

အယ်ဆာဗေးဒိုနိုင်ငံ ဆာလ်ဗေဒိုရန် ကမ်းရိုးတန်းမြို့ အက်ကာဂျူလာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြို့၏ကမ်းခြေပေါ်တွင် စွန့်ပစ် ပလတ် စတစ်တန်ချိန်များစွာ မျောတင်နေ ကြောင်း အာဏာပိုင်များက ဇွန် ၂၀ ရက်တွင် ထုတ်ပြန်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က အယ်ဆာဗေဒိုးနိုင်ငံတွင် မြေပြိုမှုများ နှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး လူ ၁၁ ဦးသေဆုံးသွားကာ မြို့ခံများသည် ကမ်းခြေပေါ်မျောတင်လာသည့်ပလတ် စတစ် အမှိုက်များကို လိုက်လံ ကောက် ယူ သိမ်းဆည်းနေကြကြောင်း သိရ သည်။

လက်ရှိတွင် ကမ်းခြေသို့မျောတင် လာသည့် အမှိုက်များသည် မြို့မြောက် ပိုင်းရှိ မြစ်တစ်စင်းရေလျှံတက်ရာမှ ရေစီးနှင့်အတူ ကမ်းခြေဘက်ကို ရောက် ရှိလာကြောင်း မြို့ခံများကပြောသည်။ 

ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် မက္ကဆီကိုတောင်ပိုင်းမှ ပနားမား အနောက်ပိုင်းအထိ ဒေသတစ်ကြော မိုးသည်းထန်စွာ ရွာသွန်းမှုများသည် ပိုမိုဆိုးရွားလာနိုင်ပြီး မက္ကဆီကိုပင်လယ် ကွေ့တွင် ဖြစ်ပေါ်သည့် မုန်တိုင်းကြောင့် မိုးရွာသွန်းမှု အခြေအနေပိုဆိုးလာနိုင် ကြောင်း မိုးလေဝသကျွမ်းကျင်ပညာရှင် များက သတိပေးထားသည်။







(ref:AFP)






အခြားဆက်စပ်သတင်းများ