နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှုအမွေအနှစ် သုတေသနပြု စနစ်တကျထိန်းသိမ်းစောင့်ရှောက်

မြန်မာနိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်များသည် သမိုင်း မတင်မီခေတ်ကပင် စ၍ ဖြစ်တည်လျက်ရှိသည်။ ရှေးဟောင်းအမွေ အနှစ်ဖြစ်သည့် ပျူရှေးဟောင်းမြို့သုံးမြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး သရေခေတ္တရာမြို့ဟောင်းများသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုသမိုင်းတွင် မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်များ စုဝေးတည်ရှိရာ ပုဂံရှေးဟောင်းဒေသသည် ကမ္ဘာသိ ဒေသတစ်ခုဖြစ်သည်။ မြန်မာ တို့သည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ မြို့ပြခေတ် စသည့်  ခေတ်အသီးသီးကို ဖြတ်သန်းခဲ့ပြီး အေဒီ ၁၀၄၄ တွင် အနော်ရထာ မင်းသည် ပထမမြန်မာနိုင်ငံတော်ကို ပုဂံဒေသတွင် စတင် တည်ထောင်ခဲ့သည်။ ပုဂံဒေသသည် စေတီ၊ ပုထိုး၊ ဂူဘုရား ပေါင်းအမြောက်အမြားတည်ထားကိုးကွယ်ရာ တန်ဖိုးကြီးမားသည့် ရှေးဟောင်းအမွေအနှစ်များ ဖြစ်သည်။ မြန်မာလူမျိုးတို့ ဂုဏ်ယူ ဖွယ်ရာပင် ဖြစ်သည်။

မင်းကြီး မဟာသီရိဇေယျသူရမင်းကြီးညို(အေဒီ ၁၄၈၆-၁၅၃၁)တည်ထောင်ခဲ့သည့် တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုး နှင့် ကျုံးနေရာများ ရှေးဟောင်းအဆောက်အအုံများကို ယဉ်ကျေးမှု   အ‌မွေအနှစ်အဖြစ် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ထိန်းသိမ်းရန် လိုအပ်သည်။

အတိတ်က တောင်ငူဘုရင်များ၏ ဘုန်းတန်ခိုး လက်ရုံးရည် နှလုံးရည်တို့ကို ပြသနေသော တောင်ငူကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြို့ရိုး ကျုံးနှင့် မြို့ဝင် တံခါးပေါက်များကို ပြန်လည်ဖော်ထုတ် ကာကွယ်ထိန်းသိမ်း စောင့် ရှောက်ရန် အနာဂတ်မျိုးဆက်သစ်များ လက်ဆင့်ကမ်းပေးရန် လိုအပ်သည်။ တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုးနှင့်ပန်းချီ တံခါးပေါက်အနီးရှိ ယိုးဒယားပေါက်ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေနှင့် ထိန်းသိမ်းထားရှိလျက်ရှိသည်။ ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့်သမိုင်း သုတေသီများသည် တောင်ငူမြို့ ကေတုမတီမြို့ဟောင်းဆိုင်ရာ သုတေသနဆောင်ရွက်လျက်ရှိ ကြသည်။

သုတေသနပြု မှတ်တမ်းတင်ခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ် များ ထွန်းကားမှုတို့ကို ခိုင်မာသော အထောက်အထားများရရှိရေး  နှစ်ပေါင်းရာချီဖြစ်တည် ထွန်းကားလာခဲ့သော တန်ဖိုးမဖြတ်နိုင် သည့် ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ အဆောက်အအုံများကို ရေရှည်တည်တံ့ရေး နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်စေချင်ကြောင်း ။     






အခြားဆက်စပ်သတင်းများ