မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၉ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးနှင့် ဌာနများမှ တွဲဖက်ဝန်ထမ်းများ ပူးပေါင်း အင်အား (၃၀) ဦးဖြင့် အမှတ်(၂၆)ရပ်ကွက်၊ အောင်ဇေယျလမ်း (အမှတ်(၂)လမ်းနှင့်ပုလဲရတနာလမ်းကြား)ရှိ မြက်ဖြတ်စက်များ အသုံးပြု၍ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက် များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ စွန့်ပစ်အမှိုက်များသိမ်းဆည်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် မြောင်းအတွင်းရှိ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်း ခြင်း၊ သစ်ရွက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ထွက်ရှိ အမှိုက်၊သစ်ကိုင်းများကို ယာဉ်တစ်စီးဖြင့် သယ်ယူစွန့်ပစ်ခြင်းများဆောင်ရွက်ကြစဉ်။
မိုးမြင့်မောင်