ဘန်ကောက်၊ ဇွန် ၂၀
ထိုင်းလွှတ်တော်တွင်လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ တန်းတူညီမျှ ရေးဥပဒေကို ယခုရက်ပိုင်းအတွင်း ဖတ်ကြား အတည်ပြုလိုက်ပြီး ယင်း ဥပဒေသည် ထိုင်းတော်ဝင် မိသားစု၏ ခွင့်ပြုချက်ရပါက အသက်ဝင်လာမည် ဖြစ်သည်။
ယင်းဥပဒေသည် တော်ဝင် ခွင့်ပြုချက် ရရှိပြီးပါက ရက်ပေါင်း ၁၂၀ အတွင်း အသက်ဝင်မည်ဖြစ်ခြင်းကြောင့် လိင်တူချစ်သူအရေး တက်ကြွ လှုပ်ရှား သူများသည် နိုင်ငံအတွင်း ပထမဆုံး လိင်တူလက်ထပ် မင်္ဂလာပွဲကို လာမည့် အောက်တိုဘာတွင် ကျင်းပနိုင်ရန် မျှော်လင့်နေကြသည်။
လက်ထပ်ထိမ်းမြားခြင်းဆိုင် ရာဥပဒေတွင် သုံးနှုန်းလေ့ရှိသော"ယောက်ျား"၊ "အမျိုးသမီး"၊ "ခင်ပွန်း"၊ "မယား" စသည့် ရည်ညွှန်းချက်များ ကို လိင်တူလက်ထပ်ခြင်းဥပဒေတွင် ထည့်သွင်းမည်မဟုတ်ဘဲ ကျား-မ စသည်ဖြင့်သာ ထည့်သွင်းဖော်ပြမည် ဖြစ်ကာ လိင်တူစုံတွဲများအတွက်မွေးစားခြင်းနှင့်အမွေဆက်ခံမှုများကိုလည်း အခွင့်အရေး ပေးထားမည် ဖြစ်သည်။
အာရှတွင် ယခင်က ထိုင်ဝမ်နှင့် နီပေါတွင်သာ လိင်တူလက်ထပ်ထိမ်း မြားခြင်းကို အသိအမှတ်ပြုထားပြီး ထိုင်းနိုင်ငံသည် တတိယမြောက် နိုင်ငံဖြစ်လာနိုင်ကာ အရှေ့တောင် အာရှတွင်မူ ပထမဆုံး လိင်တူလက် ထပ်ခွင့်ရှိမည့် နိုင်ငံတစ်ခုဖြစ်လာ ဖွယ်ရှိကြောင်း သိရသည်။
(ref:Bangkok Post)