နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လော့စ်အိန်ဂျလိစ်တွင် မြေဧကသောင်းချီ တောမီးလောင်ကျွမ်း

ဝါရှင်တန်၊ဇွန် ၂၀

အမေရိကန်နိုင်ငံ၊ လော့စ်အိန် ဂျလိစ်မြို့ အနောက်မြောက်ပိုင်းတွင် လောင်ကျွမ်းနေသည့် တောမီးကြောင့် မြေဧကပေါင်း ၁၄,၀၀၀ ကျော် လောင် ကျွမ်းသွားကြောင်း အာဏာပိုင်များက ဇွန် ၁၉ ရက်တွင် ပြောသည်။

မီးသတ်ကားစီးရေ ၇၀ ၊ ဘူဒိုဇာ နှစ်စီးနှင့်အတူ မီးသတ်သမား စုစုပေါင်း ၄၀၀ ခန့်သည် ရက်သတ္တပတ်ကြာ တောမီးကို ငြှိမ်းသတ်နေပြီး လက်ရှိ မီးငြှိမ်းသတ်နိုင်မှုသည် မီးလောင်ပြင်၏ ရှစ်ရာခိုင်နှုန်းသာရှိကြောင်း လော့စ်အိန် ဂျလိစ်ရှိ ခရိုင်မီးသတ်ဦးစီးဌာနက သတင်းထုတ် ပြန်သည်။

လော့စ်အိန်ဂျလိစ်မြို့ အနောက် မြောက်ဘက် မိုင် ၆၀ အကွာ ကယ်လီ ဖိုးနီးယားပြည်နယ် ဂေါ်မန်မြို့ တောင်ဘက်တွင် တောမီးလောင်နေ ခြင်းဖြစ်ပြီး အပူချိန်မြင့်မားမှု၊ စိုထိုင်း ဆနည်းပါးမှုနှင့်လေပြင်းတိုက်ခတ်မှုများကြောင့် တောမီးထိန်းချုပ်ရေး ကြိုးပမ်းရာတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း လော့စ်အိန်ဂျလိစ် မီးသတ်ဌာနက ပြောသည်။    








 (ref:AP)






အခြားဆက်စပ်သတင်းများ