နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားတွင် လူဒါဇင်ပေါင်းများစွာ အစာအဆိပ်သင့်မှုဖြစ်ပွား

မော်စကို၊ဇွန် ၂၀

ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် လူပေါင်း ၁၂၀ ကျော်နှင့်အခြားမြို့ကြီး များတွင် လူဒါဇင်ချီကာ အစာအဆိပ် သင့်ပြီး နာမကျန်းမှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် ယင်းနှင့် ပတ်သက်၍ ရုရှား စုံစမ်းစစ်ဆေးသူများက လူသုံးဦးကို ဖမ်းဆီးတရားစွဲထားကြောင်း ဇွန် ၁၉ ရက်တွင် ထုတ်ပြန်သည်။

Botulism ဟုခေါ်သည့် အစာ ဆိပ်သင့်ခြင်းသည် ပဲသုတ်အထုပ် များအတွင်း ပါဝင်လာသည့် ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားထားပြီး စားသုံးသူဘေးကင်းမှု စောင့်ကြည့်ရေး အဖွဲ့က အစာအဆိပ်သင့်မှု ပေါ်ပေါက် ပြီးနောက် မော်စကိုမြို့ တွင် မှတ်ပုံတင် ထားသည့် အန္တရာယ်ရှိထုတ်ကုန် ၁၇၂ မက်ထရစ်တန်ကျော်ကို ဈေးကွက်ထဲမှ ဖယ်ရှားလိုက်ကြောင်း သိရသည်။ 

Botulism သည် အသက်အန္တရာယ် ရှိသည့် ရှားပါးဖျားနာမှုတစ်ခုဖြစ် ပြီး ခန္ဓာကိုယ်အာရုံကြောများကိုတိုက်ခိုက်ကာ အသက်ရှုလမ်းကြောင်း ပြဿနာဖြစ်စေပြီး ကြွက်သားများ လေဖြတ်ခြင်းကိုဖြစ်စေကြောင်း သိရ သည်။

ထို့ကြောင့် ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက အစားအစာ ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု၏ ခေါင်းဆောင်အပါအဝင် အစားအစာပို့ဆောင်ရေးဝန်ဆောင်မှု အတွက် အရည်အသွေး ထိန်းချုပ်မှု ဆိုင်ရာ ခေါင်းဆောင်နှင့် ဒါရိုက်တာ ဖြစ်သူတို့ကို ဖမ်းဆီးထားကြောင်း သိရသည်။ 






(ref:Reuters)






အခြားဆက်စပ်သတင်းများ