ပေကျင်း၊ဇွန် ၂၀
တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂ (EU)က တင်သွင်းလာသည့်ဝက်သား နှင့်ဝက်သားထုတ်လုပ်ရာမှ ထွက်ရှိ လာသည့် ဘေးထွက်ပစ္စည်းများ အကြောင်း စုံစမ်းစစ်ဆေးမှုကို စတင် လိုက်ပြီ ဖြစ်သည်။
တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား တင်ပို့မှုများအပေါ် အီးယူက ထိန်း ချုပ်ဟန့်တားသဖြင့် ယင်းကို တုံ့ပြန် သည့်အနေဖြင့် ယခုကဲ့သို့ ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးရာတွင် စားသုံးရန် ရည်ရွယ်ထားသည့် ဝက်သားကို လတ် ဆတ်မှု၊ အေးခဲထားမှုနှင့်အသားလှီး ဖြတ်တောက်မှုများအပြင် ဝက်အူများ၊ ဆီးအိမ်နှင့်အစာအိမ်ကဲ့သို့ အစိတ် အပိုင်းများကို အဓိကထားစစ်ဆေး မည်ဖြစ်ကြောင်း တရုတ်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကထုတ်ပြန် သည်။
ပြည်တွင်းဝက်သားလုပ်ငန်းရှင်များ ကိုယ်စား တရုတ်တိရစ္ဆာန်မွေးမြူရေး အသင်းက တိုင်ကြားလာခြင်းကြောင့် စုံစမ်းစစ်ဆေးခြင်းဖြစ်သည်ဟု ဝန်ကြီး ဌာနက ထုတ်ပြန်ထားပြီး အီးယူ ဝက်သား တင်သွင်းမှုကို ကန့်သတ်လိုက် ပါက တောင်အမေရိက၊ အမေ ရိကန်နှင့် ရုရှားတို့က ဝက်သားတင်သွင်းမှု ဈေးကွက်ဝေစု ရရှိလာနိုင်မည်ဖြစ် သည်။
(ref:Reuters)