မြန်မာနိုင်ငံ မိုးေလ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ် ၀န်းဖြစ်ပေါ်လာနိုင်မှုနှင့် အနောက်တောင်မုတ်သုံလေအား အသင့် အတင့်မှ အားကောင်းလာနိုင်မှုကြောင့် နိုင်ငံတစ်၀န်း၌ မိုးသည်း ထန်စွာ ရွာသွန်းမှုများ ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး ရေကြီး၊ ရေလျှံမှု အန္တရာယ်၊ မြေပြိုမှုအန္တရာယ်ကို သတိပြုရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် သဘာ၀ဘေးဖြစ်စဉ်ရင်ဆိုင်ကြုံတွေ့ကြရာ တွင် မြန်မာနိုင်ငံ၏ သဘာ၀ဘေးအတွေ့အကြုံအရင်းအမြစ်နှင့် ဓန အင်အားပေါ်မူတည်၍ ရင်ဆိုင်ဖြေရှင်းခဲ့ကြသည်။ နိုင်ငံတော်တွင် နှစ်စဉ်နှစ်တိုင်း ဇူလိုင်၊ သြဂုတ်လများတွင် ရေးဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုအပြင် အချိန်တိုအတွင်း မိုးရေချိန်မြင့်မားစွာ ရွာသွန်းမှုကြောင့် လျှပ်တပြက် ရေကြီးခြင်းများ၊ တောင်ပြိုခြင်း၊ မြေပြိုခြင်းများ ကြုံတွေ့လာနိုင်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြုံတွေ့ ရပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျော့နည်းသက်သာစေရန် သတိ ပြုကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားကြရမည်ဖြစ်သည်။ ကမ်းရိုးတန်းဒေသနှင့်မြစ်ချောင်းအနီး နေထိုင်ကြသူများ၊ တောင် ပေါ်ဒေသတွင် နေထိုင်ကြသူများအနေဖြင့် မိုးလေ၀သနှင့် ဇလဗေဒ ဌာနက ထုတ်ပြန်သတိပေးချက်များကို အမြဲနားထောင်သင့်သည်။
လူသည် ရံဖန်ရံခါ အခက်အခဲ အကျပ်အတည်းများနှင့် ကြုံတွေ့ ရတတ်သည်။ မည်သို့သော အခက်အခဲအကျပ်အတည်းရှိစေကာမူ စိတ်ပျက်ခြင်း၊ အားလျော့ခြင်း၊ ကြောက်ရွံ့နောက်ဆုတ်ခြင်းများ ဖြင့် ဘ၀ကိုအရှုံးမပေးသင့်ပါ စိတ်ပျက်အားလျော့ခြင်းသည် ဘဝကို ကျဆုံးစေခြင်းလမ်းစပင်ဖြစ်သည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာသော ဖြစ်စဉ်ကြောင့် မတူညီ သော သဘာ၀ဖြစ်စဉ်အမျိုးမျိုးကို ကမ္ဘာ့ပြည်သူများ ရင်ဆိုင်ကြုံ တွေ့ရလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် မလွန်ဆန်နိုင်သော သဘာ၀ ဘေးအမျိုးမျိုးကို ကြိုတင်ပြင်ဆင်သတိပြုခြင်းဖြင့် ထိခိုက်နိုင်ခြေ အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။
ကျွန်ုပ်တို့ နိစ္စဓူ၀လုပ်ကိုင်သောလုပ်ငန်းအဖြာဖြာတွင် တက် ညီလက်ညီလုပ်ကိုင်ကြရမည်ဖြစ်ရာ ပူးပေါင်းပါ၀င် ဆောင်ရွက်ကြ စေချင်ကြောင်း ။