ရန်ကုန် ဇွန် ၂၀
အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့ပူးပေါင်း ဖွင့်လှစ်သည့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုနည်းပြနှင့်ဒိုင်လူကြီးမွမ်းမံသင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၊ လေးထပ် အားကစားအိပ်ဆောင်ရှိ သင် တန်းခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော် ဝန်) ဦးညီညီ၊ အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန် ရှိသူများ၊ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းနှင့်အမှုဆောင် များ၊ ပြည်နယ်နှင့်တိုင်းဒေသ ကြီးများမှ သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယမြို့တော်ဝန် က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် “ယခုဖွင့်လှစ် သည့် နည်းပြနှင့်ဒိုင်လူကြီးများ (မွမ်းမံ) သင်တန်းသည်ကာယ ဗလနှင့်ကာယကြံ့ခိုင်မှု အားကစားသမားများအတွက် မရှိမဖြစ်လိုအပ်သည့် နည်းပြ ဆရာများနှင့် အားကစားပြိုင်ပွဲ အကဲဖြတ်ဒိုင်လူကြီးများ အတွက် နိုင်ငံတကာပြိုင်ပွဲ များတွင် ကျင့်သုံးနေသည့်နည်း စနစ်များကိုလည်း ထပ်ဆောင်း ပို့ချပေးခဲ့ကြောင်း၊ အဖွဲ့ချုပ် အနေဖြင့်လည်း သင်တန်းသား အားလုံး သင်တန်းပြီးဆုံးပါက လက်တွေ့နယ်ပယ်တွင် မိမိတို့ မြို့နယ်၊ပြည်နယ်နှင့်တိုင်းဒေသ ကြီးများ၌ အားကစားသမား များကို ထပ်ဆင့်ရှင်းလင်းပို့ချသင်ကြားပေးပြီး နိုင်ငံအတွက် ဂုဏ်ဆောင်ပေးနိုင်မည့် အား ကစားသမားအကျော်အမော် များ ပေါ်ထွန်းလာနိုင်စေရေး အတွက် ကြိုးစားဆောင်ရွက် ပေးကြစေလိုကြောင်း၊သင်တန်း ကာလ တိုတောင်းသော်လည်း ထိရောက်သည့် သင်ကြားပို့ချ မှုများရှိလိမ့်မည်ဟု မျှော်လင့် မိပါကြောင်း၊ ဒိုင်လူကြီး သင် တန်းဆင်းများအနေဖြင့်လည်း လာမည့် ဇွန် ၂၂ ရက်တွင် ကျင်းပမည့် အိုလံပစ်နေ့အထိမ်း အမှတ်ပြိုင်ပွဲ၌ လက်တွေ့အကဲ ဖြတ်ခွင့်ရရှိမည်ဖြစ်ကြောင်း” မှာကြားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ သင်တန်း သားများအား သင်တန်း တက်ရောက်မှုပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်သည်။
အဆိုပါ ကာယဗလနှင့် ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်လူကြီး မွမ်းမံသင်တန်းကို ဇွန် ၁၆ ရက်မှ ၂၀ ရက်အထိ ဖွင့်လှစ်ပို့ချပြီး သင်တန်းသို့ နည်းပြ (၁၇) ဦးနှင့် ဒိုင်လူကြီး (၂၄) ဦး စုစုပေါင်း (၄၁) ဦး တက်ရောက်ကြသည်။
အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသား အား ကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများကို သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ နည်းပြနှင့် ဒိုင်လူကြီး (မွမ်းမံ) သင်တန်းများအား ပို့ချသင်ကြားပေးရန် လမ်းညွှန်ထား ကြောင်း သိရသည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)