နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MNL League Cup 2024 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပ

ရန်ကုန်  ဇွန်  ၂၀

MNL League Cup 2024 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ် အဖြစ် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ ယမန်နေ့ညနေပိုင်း က ယှဉ်ပြိုင်ကစားနေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အာရှဘောလုံးအဖွဲ့ချုပ်အကြီး တန်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်တာဝန်ရှိသူများ၊ ဘောလုံးအားကစားဝါသနာရှင် ပရိတ်သတ်များ ကြည့်ရှုအား ပေးကြသည်။

ဗိုလ်လုပွဲတွင် ရှမ်းယူနိုက် တက်အသင်းက ရဲရင့်အောင် သွင်းဂိုးတစ်ဂိုးတည်းဖြင့်အနိုင် ရရှိကာ ချန်ပီယံဆုဖလား ရရှိ သွားသည်။

ရှမ်းယူနိုက်တက်အသင်း သည် ပရိုစနစ် ကူးပြောင်း ပြီးနောက် ကျင်းပသည့် ပြည်တွင်းပြိုင်ပွဲများဖြစ်သော MNL အမှတ်ပေးပြိုင်ပွဲ၊ ရှုံး ထွက်ပြိုင်ပွဲ၊ MNL Cup ပြိုင်ပွဲနှင့် ယခုကျင်းပသော MNL League Cup ပြိုင်ပွဲတို့တွင် ချန်ပီယံဆု ရယူနိုင်သည့် ပထမဆုံးအသင်း အဖြစ် မှတ်တမ်းဝင်သွားပြီးပြိုင် ပွဲအားလုံး ဗိုလ်စွဲသည့်တစ်သင်း တည်းသော အသင်းအဖြစ်စံချိန် တင်သွားသည်။ 

ဗိုလ်လုပွဲအပြီးတွင် ဆုချီး မြှင့်ပွဲ ဆက်လက်ကျင်းပရာ သွင်းဂိုး အများဆုံးဆုရ ကျော်ကိုကို (ရှမ်းယူနိုက်တက်) ကို ဆုတံဆိပ်နှင့် ဆုကြေးကျပ် ၁ဝ သိန်း၊ ဒုတိယဆုရ ရန်ကုန် ယူနိုက်တက်အသင်းကိုတစ်ဦး ချင်းဆုတံဆိပ်နှင့် ဆုကြေး ကျပ်သိန်း ၂ဝဝ၊ ပထမဆုရ ရှမ်းယူနိုက်တက်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ဆုကြေး ကျပ်သိန်း ၃၅၀ နှင့် ချန်ပီယံ ဆုဖလားတို့ကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့က ပေးအပ် ချီးမြှင့်ကြသည်။








ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ