ရန်ကုန်၊ ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီကကြီးမှူး ၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလဲဒေသ တွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်စန္ဒာသွယ်၊ တိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ကြီးထွန်းထွန်းဦးနှင့်ဇနီး၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ဇနီးများ၊ မင်္ဂလာဒုံ တပ်နယ်မှူးနှင့်ဇနီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့်ဌာနမှူး များ၊ တိုင်း၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ နှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက် ရေးကြီးကြပ်မှုအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြော ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တရား လွှတ်တော် တရားသူကြီးချုပ်၊
ဒုတိယတိုင်းမှူးနှင့်ဇနီး၊ လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့်ဇနီး၊ စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် ဇနီးတို့က တိုင်းဒေသကြီးဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ အား စိုက်ပျိုးမည့်သစ်ပင်များ ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်း ဒေသကြီးဌာနဆိုင်ရာ တာဝန် ရှိ ပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး အမျိုးသမီးရေး ရာ၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ် မှုအဖွဲ့ဝင်များက ကျွန်းပင် ၄၀၀၀၊ ပျဉ်းကတိုးပင် ၄၀၀၀၊ မဟော်ဂနီ ပင် ၂၀၈၀၊ ရေတမာ ၇၂၀ စုစု ပေါင်း ၁၀၈၀၀ ပင်တို့ စိုက်ပျိုး နေမှုများကို လှည့်လည်ကြည့်ရှု အားပေးကာ အခမ်းအနားတက် ရောက်လာကြသူများအား နံနက်စာဖြင့် ဧည်ခံသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ်မိုးရာသီတွင်သစ်ပင် စိုက်ပျိုးခြင်း ရှစ်ကြိမ်ခန့်ဆောင် ရွက်မည်ဖြစ်ရာ ယခု တတိယ အကြိမ်မြောက်စိုက်ပျိုးခြင်း ဖြစ်သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)