နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှည်းကူးပညာရေး ဒီဂရီကောလိပ်မုခ်ဦးဖွင့်ပွဲနှင့် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၁၁/၂ဝ၂၄) ကြိုဆိုပွဲ ကျင်းပ

ရန်ကုန်၊ ဇွန် ၂၀

ဆရာအတတ်ပညာဦးစီး ဌာန၊ လှည်းကူးပညာရေးဒီဂရီ ကောလိပ်မုခ်ဦးဖွင့်ပွဲနှင့် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၁၁/၂ဝ၂၄) ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ သတ်မှတ် နေရာများ၌ ကျင်းပသည်။

ရှေးဦးစွာ လှည်းကူးပညာ ရေး ဒီဂရီကောလိပ်မုခ်ဦးကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ စည်ပင်သာယာရေး ဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ 

လူမှုရေးရာဝန်ကြီး ဦးဌေးအောင် နှင့်လှည်းကူပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်တို့က ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ပေးကြပြီး မုခ်ဦး ကို အ‌မွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ လုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ် ပညာသင်တန်း (PPTT) အမှတ် စဉ် (၁၁/၂ဝ၂၄) ကြိုဆိုပွဲအခမ်း အနားကိုကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က  အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြော ကြားသည်။

ထို့နောက် လှည်းကူးပညာ ရေး ဒီဂရီကောလိပ်ကျောင်း အုပ်ကြီးက ကျေးဇူးတင်စကား နှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ လှည်းကူး ပညာရေးဒီဂရီကောလိပ်ကျောင်း သား၊ ကျောင်းသူများက“လှည်း ကူးပညာရေးဒီဂရီကောလိပ် " ကျောင်းသီချင်း၊ "ဆရာ့ဂုဏ်ရည်" သီချင်း၊ ကျောင်းသူတစ်ဦးက တပင်တိုင်အကနှင့်တိုင်းရင်း သား၊ တိုင်းရင်းသူများက “သွေး ရင်းများပီပီ” သီချင်းတို့ဖြင့်ဖျော် ဖြေကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  လှည်းကူးပညာ ရေးဒီဂရီကောလိပ် မုခ်ဦးဖွင့်ပွဲ နှင့် သင်တန်းအတွက်ထောက်ပံ့ ငွေများ၊ ဖျော်ဖြေရေးအဖွဲ့များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ကိုလည်းကောင်း၊ လူမှုရေးရာ ဝန်ကြီးဦးဌေးအောင်က အားကစား ပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြသည်။

အဆိုပါ သင်တန်းသို့ ရန်ကုန် တိုင်းဒေသကြီးမြို့နယ်ရှစ်မြို့ နယ်မှ သင်တန်းသား/ သင်တန်း သူ (၁၈၉) ဦး၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှ သင်တန်းသား၊ သင်တန်းသူ ရှစ်ဦး၊ စုစုပေါင်း (၁၉၇) ဦးတို့ တက်ရောက်ကြပြီး ဇွန်  ၃ ရက် မှ ဩဂုတ် ၃ ရက်အထိ နှစ်လ တာ သင်ယူကြကာ ဩဂုတ်မှ အောက်တိုဘာအတွင်း လက် တွေ့တန်းပြ လေ့ကျင့်ပေးမည် ဖြစ်သည်။







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ