နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်္ကြန်ပိတ်ရက်ရှည်ကာလအတွက် မြို့နယ်တွင်း စားနပ်ရိက္ခာအခက်အခဲမရှိစေရန် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ စီစဉ်ဆောင်ရွက်

ရန်ကုန် ဧပြီ ၈ သင်္ကြန်ကာလပိတ်ရက်ရှည်အတွင်း မြို့နယ်နေပြည်သူများ အဆင်ပြေစေနိုင်ရန်အတွက် ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ ဈေးဝယ်ခြင်းနှင့် ကျန်းမာရေးကိစ္စများမှအပ အိမ်အပြင်သို့မထွက်ကြဘဲ (StayHome) မိမိတို့ အိမ်အတွင်း နေပေးကြရန် သက်ဆိုင်ရာမြို့နယ်များအလိုက် အသိပေးပန်ကြားစာများ ထွက်ရှိပြီးဖြစ်သည်။ ထို့ကြောင့် သင်္ကြန်ကာလအတွင်း အင်းစိန်သူ၊ အင်းစိန်သားများ၏ Stay Home အစီအစဉ်တွင် အဆင်ပြေစေနိုင်ရန်အတွက် စားနပ်ရိက္ခာအခက်အခဲမရှိစေရန် အင်းစိန်လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ တာဝန်ရှိသူများက ပိတ်ရက်ရှည်အထူး အစီအစဉ်ကို ဧပြီ ၁၀ ရက်မှစတင်နိုင်ရေး ပြင်ဆင်ထားပြီးဖြစ်သည်။ ထိုအစီအစဉ်တွင် Package သုံးမျိုး (Package A, Package B, Package C) တို့ဖြင့် ခွဲခြားသတ်မှတ်ပေး ထားပြီး မြို့နယ်နေပြည်သူများ မှာယူလိုပါက ဖော်ပြပါ ၀၉-၄၂၀၁၅၀၉၁၄, ၀၉-၂၅၂၅၈၆၅၇၄, ၀၉-၇၆၆၀၆၀၀၃၁ များသို့ နေ့စဉ် နေ့လယ် ၂ နာရီအထိ ဆက်သွယ်မှာယူနိုင်မည်ဖြစ်သည်။ ထိုအစီအစဉ်တွင် မြို့နယ်စည်ပင်ဝန်ထမ်းများနှင့် We Love Insein Volunteer အဖွဲ့သားများက မြို့နယ် နေ ပြည်သူများမှာယူသည့် အိမ်များသို့ အရောက်လိုက်လံ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ (WP)






အခြားဆက်စပ်သတင်းများ