နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
UFC ၏ Fight Island စီမံကိန်းအောင်မြင်စွာပြီးစီး

 ဇူလိုင်   ၄


 လက်စ်ဗီးဂတ်စ်အခြေစိုက် UFC အဖွဲ့ချုပ်ရဲ့  အဘူဒါဘီမှာတည်ဆောက်ခဲ့တဲ့  Fight  Island စီမံကိန်း ကတော့ အောင်မြင်စွာတည်ဆောက်ပြီးခဲ့ပါပြီ။ 

        ဒီစီမံကိန်းကို  အဘူဒါဘီမှာရှိတဲ့ နာမည်ကြီး  ယက်စ်ကျွန်း Yas Island  မှာ တည်ဆောက်ခဲ့တာဖြစ်တယ်။ အဲဒီကျွန်းပေါ်မှာ ဖော်မြူလာဝမ်းပြိုင်ကားကွင်း၊ ကမ္ဘာ့အဆင့်မီဂေါက်ကွင်း၊ အဘူဒါဘီရေကမ္ဘာ၊ Ferrari WorldI Water Park အပြင် အခြားစိတ်ဝင်စားစရာနေရာများရှိတဲ့ကျွန်းဖြစ်တယ်။


          Fight    Island  အတွက်  ဧရိယာအကျယ်အဝန်း  ၁၀ စတုရန်းမိုင်  အသုံးပြုခဲ့ပြီး  မိုးလုံလေလုံအားကစားခန်းမ၊ စစ်ဆေးရေးဂိတ်နဲ့ လမ်းများစွာထည့်သွင်းတည်ဆောက်ထားတယ်။ ကမ်းခြေမှာတော့ MMA  ပွဲများကျင်းပဖို့ သံလှောင်အိမ်တစ်ခု တည်ဆောက်ထားတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေမှာ COVID-19 ရောဂါကူးစက်မှု ကာကွယ်ရန်စစ်ဆေးမှုပေါင်း ၂၀ဝ ကျော်ပြုလုပ်ခဲ့ရသလို လောလောဆယ်လည်း Lock Down ချထားတယ်။ Fight Island တွင် ယခုလအတွင်းမှာတော့ UFC ပွဲစဉ်လေးခုကျင်းပသွားဖို့ စီစဉ်ထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။


SO






အခြားဆက်စပ်သတင်းများ