နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာနည်းပြ အပြောင်းအလဲဖြစ်နိုင်

ဇူလိုင်   ၄


ဘာစီလိုနာမှာ နောက်ဆုံးလေးပွဲတွင်   တစ်ပွဲသာနိုင်ခဲ့တာကြောင့်  အမှတ်ပေးဇယား ဒုတိယနေရာတွင်သာ ဆက်ရှိနေပြီး ရီးရဲလ်ကလည်း ဂီတာဖေးကိုနိုင်ခဲ့တာကြောင့် လေးမှတ်ပြတ်သွားပြီဖြစ်တယ်။

 နည်းပြဆက်တီယန်က ဘာစီအသင်းသားများကို စည်းလုံးညီညွတ်ကြရန် တောင်းဆိုသော်လည်း ကစားသမားများက နည်းပြအပေါ်ယုံကြည်မှုမရှိတော့ဟု သတင်းများထွက်နေတယ်။ ဆက်တီယန်လက်ထက် ဘာစီအသင်းဟာ ပြိုင်ပွဲစုံ ၁၈ ပွဲတွင် ၁၁ ပွဲသာနိုင်ခဲ့ပြီး ကစားပုံကလည်း စွဲမက်စရာမရှိခဲ့ပေ။ ဘာစီလိုနာ ဘုတ်အဖွဲ့က နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းကို ဦးစားပေးကမ်းလှမ်းသော်လည်း ပယ်ချခံခဲ့ရတာ ကြောင့် ဆက်တီယန်ကို  အဲဒီအချိန်က မရှိသုံးရွေးချယ်ခဲ့တာဖြစ်တယ်။


လက်ရှိမှာ ကိုးလ်မန်းဟာ ဘာစီလိုနာနဲ့သတင်းပြန်ထွက်နေပြီး လာမည့်ရာသီတွင် ကိုင်တွယ်ရန်နီးစပ် နေတယ်။ ကိုးလ်မန်းဟာ ဘာစီလိုနာရှိ အိမ်သို့ပင်ပြောင်းရွှေ့နေထိုင်တာကို တွေ့ခဲ့ရတယ်။ ကိုးလ်မန်းဟာ ဘာစီလိုနာရဲ့ ဖုန်းဆက်သွယ်မှုကို ရရှိထားပေမဲ့ နယ်သာလန်နဲ့ယူရိုပြိုင်ပွဲပြီးမှသာ လမ်းခွဲချင်တာပါ။ ယူရို ပြိုင်ပွဲကလည်း တစ်နှစ်ရွှေ့သွားတာကြောင့် ဘာစီလိုနာရဲ့ နည်းပြအပြောင်းအလဲကတော့ ဖြစ်လာနိုင်ဖို့ မြန်မလား၊ နှေးမလားစောင့်ကြည့်ရမှာပဲဖြစ်တယ်။

SO






အခြားဆက်စပ်သတင်းများ