ရန်ကုန် ဇွန် ၁၉
တာမွေမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေး များအနေဖြင့် အားလပ်ချိန်တွင် ဗဟုသုတများစွာ ရရှိနိုင်သော သုတ/ရသ စာအုပ်စာစောင်များကို ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာကြည့်တိုက် ကို ပညာဗဟုသုတရှာမှီးရာ ပညာ့ဘဏ်တိုက်တစ်ခုအဖြစ် တွင်တွင် ကျယ်ကျယ် အသုံးပြုလာစေရန်နှင့် စာအုပ်စာပေဖတ်ရှုသည့်စွမ်းရည် များ တိုးတက်မြင့်မားလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ဇွန် ၁၇ရက် မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်မို့မို့အောင်နှင့် တာမွေမြို့နယ်ရှိ အမှတ် (၂၆) အခြေခံ ပညာမူလတန်းကျောင်း၊ ကျောင်းတာဝန်ခံဆရာမဒေါ်စန်း စန်းဌေးက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်သည့် အမှတ်ပေးစည်း မျဉ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တာမွေ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း ကျောင်းများက ကျောင်းသား၊ ကျောင်းသူလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး ပြိုင်ပွဲတွင်ထူးချွန်ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆု များ အသီးသီးချီးမြှင့်ကြသည်။
နိုင်လင်းအောင်(ပြန်/ဆက်)