ဇွန် ၁၈ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနများ က တွဲဖက်ဝန်ထမ်းများပူးပေါင်း အင်အား(၁၅)ဦးဖြင့် ဂျိုးဖြူလမ်း ရေမြောင်းအတွင်း မြေထိန်းနံရံပဲ့ကျသဖြင့် မြေကြီးများ ဆယ်ယူ ရှင်းလင်းခြင်း၊ အရှည် ၆၀ ပေ၊ အကျယ်၂ ပေ၊ အနက် ၃ ပေခန့် ရေမြောင်းအတွင်းမှ ထု ၁ ပေခန့်ရှိ အမှိုက်၊ နုန်းနှင့်မြေကြီးများကို ဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်နှင့်မြေကြီးများကို ယာဉ် တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းတို့ ဆောင်ရွက်ကြစဉ်။
ယဉ်မွန်