နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂံဒေသ ပါဒစေတီ ၁၉ ဆူကို ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်မည်

ရန်ကုန်  ဇွန်  ၁၉

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံဒေသတွင် မြတ်စွာ ဘုရား၏ပါဒစေတီ ၁၉ ဆူ ရှိရာနေရာကို  ခရီးစဉ်ဒေသသစ်အဖြစ် လာမည့်ဇူလိုင်တွင်  စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။

ပြည်တွင်း ပြည်ပခရီးသွားများအနေဖြင့် ပုဂံဒေသရှိ ခြေတော်ရာ ၁၉ ဆူကို ဖူးမြော်ကြည်ညိုနိုင်ရန်  ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင် ပေးခြင်းဖြစ်ပြီး ပုဂံတွင်ဖူးမြော်နိုင်မည့် မူလရှိရင်းစွဲ ဘုရားစေတီများစွာ ကျန်ရှိသည်ကို သိရှိစေလိုခြင်းဖြစ်သည်။

ပြည်တွင်းခရီးသွားများသည် စရိတ်အနည်းငယ်ဖြင့် ဘုရားစုံဖူး ရသည့်အတွက် နှစ်သက်ကြမည်ဖြစ်ပြီး ခြေတော်ရာပါဒစေတီ ၁၉ ဆူသည် ထပ်တိုးခရီးစဉ်သစ်ဖြစ်သည့်အတွက် ခရီးသွားများ စိတ်ဝင် စားမည်ဖြစ်သည်။

လက်ရှိတွင် အဆိုပါခရီးစဉ်သစ်အတွက် နံရံဆေးပန်းချီများကို ရှေးဟောင်းသုတေသနက ထိန်းသိမ်းစောင့်ရှောက်ထားပြီး တစ်ကြိမ် လျှင် ဆယ်ဦးထက်မပိုဘဲ ဝင်ရောက်ဖူးမြော်ရန် ထိန်းသိမ်းကြပ်မတ် မည်ဖြစ်ကြောင်း၊ ပိတ်ရက်ရှည်ဖြစ်သည့် သီတင်းကျွတ်၊တန်ဆောင်တိုင် ကာလများတွင်လည်း အစီအစဉ်သစ်များဖြင့် ခရီးစဉ်ကို ပိုမိုစိတ်ဝင်စား စေရန် စီစဉ်မည်ဖြစ်သည်။








(008)






အခြားဆက်စပ်သတင်းများ