ကြံခင်း ဇွန် ၁၉
မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီး ဌာနတို့ပူးပေါင်းပြီး လူငယ်များဗလ ငါးတန်ဖွံဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၁၇ရက်က (အ လ က)စပါးအိုး ကျောင်းဝန်းအတွင်း ကျင်းပသည်။
ရှေးဦးစွာ (အ လ က)စပါးအိုး ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမြင့် နှင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်း ဖြင့် ရရှိမည့်အကျိုးကျေးဇူး ခုနစ်မျိုးကို ရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်(တာဝန်ခံ)ဦးကျော် နိုင်ဝင်းက စားသုံးရန်မသင့်သော အစား အစာများနှင့်စားသုံးသူကာကွယ်ရေး ဥပဒေနှင့်ပတ်သက်၍ရှင်းလင်း ပြော ကြားပြီး၊( Book Club)အဖွဲ့ဝင် ဦးမျိုးဝင်း(ဆောင်းနတ်သျှင်)နှင့် ရာဇာငယ်(ကနောင်)တို့က လူငယ်နှင့် စာဖတ်ခြင်းကို အသိပညာပေး ဟော ပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံ ကပ်စာစောင်နှင့်စာအုပ်၊ စာစောင်ပြသ ထားခြင်းကို ကျောင်းသား၊ ကျောင်း သူများက စိတ်ပါဝင်စားစွာ လေ့လာ ဖတ်ရှုကြကြောင်းနှင့်ဟောပြောပွဲသို့ (အ လ က) စပါးအိုးကျောင်းအုပ် ဆရာမကြီး ဒေါ်သီတာမြင့် ၊ ဆရာ/ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ ၃၀၀ဦး တတ်ရောက်ကြသည်။
မြို့နယ်(ပြန်/ဆက်)