ရန်ကုန် ဇွန် ၁၉
တွံတေးမြို့နယ် ရွှေဆံတော် ရပ်ကွက်၊ ဘုရင့်နောင်ရှိ ဓမ္မာလင်္ကာရ ပရိယတ္တိ စာသင်တိုက်ရှိ မဟာသဒ္ဓမ္မ ဇောတိကဓဇကျောင်းဆောင်တွင် ကျောင်းသား၊ကျောင်းသူများယဉ်ကျေး လိမ္မာသော သားငယ်၊သမီးငယ်များ ဗုဒ္ဓဘာသာအကြောင်း သိရှိစေရန် ဓမ္မာလင်္ကာရ ဓမ္မစကူးလ် သင်တန်း ဖွင့်ပွဲကို ဇွန် ၁၆ရက်က အဆိုပါ ကျောင်းတိုက်၌ ကျင်းပသည်။
အဆိုပါ ဓမ္မစကူးလ်သင်တန်း ဖွင့်ပွဲ ကို နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး တွံတေးမြို့ ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ အဒွန်း (မြို့မ)ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အရိယာဝံသနှင့်အတွင်းရေးမှူး ဓမ္မာလင်္ကာရ ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက၊ ဓမ္မာလင်္ကာရ ဓမ္မစကူးလ်၏ ဦးစီးပဓာနသြဝါဒ စရိယဘဒ္ဒန္တ ရေဝတ (ရွှေကွမ်းသား)တို့ ထံမှသြဝါဒ ခံယူတော်မူကာ တွံတေး မြို့နယ်ဓမ္မစကူးလ် အတွင်းရေးမှူး ဒေါ်အေးအေးခိုင်က ဓမ္မစကူးလ်၏ အကျိုးကျေးဇူး ကဗျာရွတ်ဆိုရှင်းလင်း သည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဒေါက်တာကြင်အုန်း၊ ဘက်စုံပညာ ထူးချွန်ဆုများနှင့် စာပေဆုများရှင် ဆရာဦးအောင်ကျော်သန်းတို့က အမှာစကားများပြောကြားသည်။
ထို့နောက်မြို့နယ်ဓမ္မစကူးလ်မှ သင်ကြားရေးဆရာ၊ဆရာမများကို တာဝန်ရှိသူများက လက်ဆောင်ပစ္စည်း များပေးအပ်ကာ မြို့နယ်ဓမ္မစကူးလ် ကော်မတီမှဓမ္မာလင်္ကာရဓမ္မစကူးလ်သို့အလှူငွေ ၁၀၀၀၀၀ကျပ် ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြပြီး အခမ်းအနား ကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်းသိရသည်။
တွံတေးသား