ဇွန် ၁၉
ယူရိုပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစားခဲ့သည့်အယ်ဘေးနီးယား အသင်းက အီတလီအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် အယ်ဘေး နီးယားအသင်း ပရိသတ်များက ရုန်းရင်းဆန်ခတ်ဖြစ်စေမည့် လှုံ့ဆော်သည့် စာသားများကိုင်ဆောင်ခြင်း၊ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခြင်း၊ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်မှုတို့ကြောင့် အယ် ဘေးနီးယားအသင်းကို ယူအီးအက်ဖ်အေကအရေးယူမှုပြုလုပ် ရန် စွဲချက်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်တွင် ပြိုင်ပွဲပြီးဆုံးခါနီး၌ အယ်ဘေးနီးယား ပရိသတ်တစ်ဦးက မီးရှူးမီးပန်းကိုင်ဆောင်၍ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည့်အပြင်ပွဲကြည့်စင်မှ ပရိသတ်များ ကလည်း အရာဝတ္ထုဖြင့် ပစ်ပေါက်မှုများ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် အယ်ဘေးနီးယား ဘောလုံးအဖွဲ့ချုပ်ကို ပရိသတ်များအားထိန်းသိမ်း ရန် ပျက်ကွက်ခဲ့မှုဖြင့် ယူအီးအက်ဖ်အေက အရေးယူရန်စွဲချက်တင် ခဲ့ခြင်းဖြစ်သည်။
အယ်ဘေးနီးယားအသင်းသည် ယူရိုပြိုင်ပွဲ အုပ်စု (B) တွင် အီတလီ၊ စပိန်၊ ခရိုအေးရှားအသင်းတို့နှင့် တစ်အုပ်စုတည်းကျ ရောက်ခဲ့ပြီး အုပ်စုအဖွင့်ပွဲစဉ်တွင် အီတလီအသင်းကို နှစ်ဂိုး၊ တစ်ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် လာမည့်ပွဲစဉ်များကို အနိုင်ရရှိမှသာ အုပ်စုမှ ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သူရိန်