ဇွန် ၁၇ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများမှတွဲဖက်ဝန် ထမ်းများ ပူးပေါင်းအင်အား ၂၅ ဦးဖြင့် (၉၁) ရပ်ကွက် ပဲခူးမြစ် လမ်း (ပုဏ္ဏမီလမ်းနှင့် ကျွန်းရွှေဝါလမ်းကြား)တွင် မြက်ဖြတ်စက် နှစ် လုံးအသုံးပြု၍ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ Chain Saw တစ်လုံးအသုံးပြု၍ သစ်ပင်အောက်တက်များရှင်းလင်းခြင်၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ ၊သဲခဲများလှည်းကျင်း ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းအတွင်းရှိ အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြစဉ်။
မိုးမြင့်မောင်