နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိလောက သီတလ မဟာဗောဓိ စေတီတော် မူလဌာပနာ တော်သွင်း မဟာမင်္ဂလာ အခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၁၉

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘုရား ဝန်းအတွင်းရှိ တိလောကသီတလမဟာ ဗောဓိစေတီတော် မူလ ဋ္ဌာပနာတော်သွင်း မဟာမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၆ နာရီ ၃၉ မိနစ်အချိန်တွင် အဆိုပါ စေတီတော်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နာမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ဗိုလ်တထောင် ကျိုင်းဒေးအပ်ဆံ တော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ၊ ဗိုလ်တထောင်မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဟာသဒ္ဓ မ္မဇောတိကဓဇ၊ ဘဒ္ဒန္တသီလဝံသ (ပညာရာမိကမဟာ (အေ) ကျောင်း တိုက်ဆရာတော်) အရှင်သူမြတ်ထံမှ ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်သည်။

ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်းမှ ဋ္ဌာပနာသွင်းပူဇော်မည့် သတ္တ ဌာနရတနာများ၊ ရတနာ ကိုးပါးဗုဒ္ဓဆင်းတုတော်များ၊ ရတနာပစ္စည်း များနှင့် ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ချည်၊ ပရိတ်ရေ၊ နံ့သာရည်တို့ကို ဆရာတော် သံဃာတော်တို့အား ဆက်ကပ်ခြင်း၊ ဆရာတော် သံဃာ တော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူခြင်း၊ ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင် ဦးအောင်မြတ်မှ ဆရာတော် သံဃာတော်အရှင်သူမြတ်များ အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင် ရွက်သည်။ 

ဆက်လက်၍ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီ တော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဗိုလ် တထောင်မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဟာသဒ္ဓမ္မဇောတိက ဓဇ၊ ဘဒ္ဒန္တသီလဝံသ (ပညာရာမိကမဟာ (အေ) ကျောင်းတိုက် ဆရာတော်) အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍လှူဒါန်း  မှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေသည်။

ယင်းနောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးအောင်မြတ် မှ မူလဋ္ဌာနပနာသတ္တဌာနသွင်း လှူပူဇော်၍ ရတနာ(၉) ပါး ဗုဒ္ဓဆင်း  တုတော်များ ဋ္ဌာပနာသွင်းပူဇော်ခြင်းနှင့် ရတနာပစ္စည်းများ ဋ္ဌာပနာ သွင်းလှူပူဇော်၍ ရတနာ(၉) ပါး ဗုဒ္ဓဆင်းတုတော်များ ဋ္ဌာပနာသွင်း  ပူဇော်ခြင်းနှင့် ရတနာပစ္စည်းများ ဌာပနာသွင်း ပူဇော်ပြီး ရွှေမိုး၊ ငွေ မိုးရွာသွန်း၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ် ဆိုဆုတောင်း၍ အောင်မြင်စွာ ကျင်းပကြောင်း သိရသည်။








အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ