မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာ ရေးသည် အရေးကြီးသည်။ တရားဥပဒေစိုးမိုးရေးသည် အများ ပြည်သူအကျိုးအတွက်ဖြစ်ပြီး ရပ်ရွာဒေသ အေးချမ်းသာယာ ရေးအတွက် တရားဥပဒေစိုးမိုးမှုရရှိရန် မဖြစ်မနေ လိုအပ်သည်။
ရပ်ရွာများအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် ဒုစရိုက်သမားတို့ ထကြွ သောင်းကျန်းကာ အတင့်ရဲလာကြခြင်းသည် ပြည်သူလူထုက တရားဥပဒေအပေါ် ယုံကြည်ကိုးစားမှု လျော့နည်းလာစေသည်။ အများပြည်သူတို့ လွတ်လပ်စွာ နေထိုင်လှုပ်ရှားမှုကို ခွင့်ပြုထား သော်လည်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ထိခိုက်စေသည့် လှုပ်ရှားမှုများကို ကာကွယ်စောင့်ရှောက်ပေး ကြရသည်။
အထူးသဖြင့် ရပ်ရွာအေးချမ်းသာယာမှုနှင့် လူမှုဘ၀ လုံခြုံရေး ကို ဖျက်ဆီးတတ်သော ဒုစရိုက်မှု၊ မသမာသူအဖျက်သမားများ၏ အန္တရာယ်ကို သတိမူကာ နိုးကြားသော လုံခြုံရေးအသိအမြင်ရှိနေ ရန် လိုအပ်သည်။ မသမာသူ အဖျက်သမားဆိုသည်မှာ ပြည်သူ လူထုကြားထဲတွင် ထိုးဖောက်၀င်ရောက်ကာ မမြင်ကွယ်ရာမှ မသိ မသာ လှုပ်ရှားနေသူ ဖြစ်သည်။
အများပြည်သူနေထိုင်ရာ ရပ်ရွာများအတွင်း အကြမ်းဖက်မှု များ၊ ဒုစရိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးအဖွဲ့အစည်း များက ဆောင်ရွက်လျက်ရှိသည်။ မိမိတို့၏ မြို့ရွာရပ်ကွက်များ အတွင်း အေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများက ဝိုင်း ၀န်းပူးပေါင်းဆောင်ရွက်ကြရမည်။
မိမိတို့နိုင်ငံလူဦးရေထက်၀က်ခန့်သည် လုံခြုံရေးနှင့်ပတ်သက် ၍ အားနည်းချက်များရှိနေဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေ လုံခြုံရေး အသိ၊ လုံခြုံရေးမျက်စိ ရှင်သန်နေရန် လိုအပ်သည်။ နိုးကြားတက် ကြွသော အသိရှိနေရပါမည်။ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်း များကလည်း လှည့်ကင်း၊ ပတ်ကင်း၊ ကင်းပုံးများချကာ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း မိမိတို့ ကျရာအခန်းကဏ္ဍမှ တက်တက်ကြွကြွ ပူးပေါင်းပါ၀င်ကြရန်နှင့် လုံခြုံရေးတာ၀န်ထမ်းဆောင်နေသော အဓိကအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အဖျက်အမှောင့်များကို ကြိုတင် တားဆီးကာကွယ်ဖော်ထုတ်နိုင်မည်ဟု ဆိုချင်ပါကြောင်း ။