နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်္ဃန်းကျွန်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်

ရန်ကုန်  ဇွန်  ၁၉

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(သုဝဏ္ဏ)၌ သန့်ရှင်း သာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်း ရေကြီးရေလျှံမှုမဖြစ်စေရေး ကန်တော်ကြီး ကန်ရေထိန်းညှိ ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၂၅) ရပ်ကွက်၊ သံသုမာလမ်းရှိ အခြေခံ ပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (သုဝဏ္ဏ) သို့ သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ ဌာနများက တွဲဖက် ဝန်ထမ်းများ ပူးပေါင်းအင်အား ၁၂၀ ဦးဖြင့်        ကျောင်းရှေ့ ရေမြောင်းအတွင်း အမှိုက်နှင့် မြောင်းချေးများဆယ်ယူ ရှင်းလင်း၍ ရေဆင်းမြောင်းဖောက်လုပ်နေမှု၊ ကျောင်းအတွင်း Excavator ယန္တရားယာဉ်ဖြင့် ရေတင်ကျန်မှုမရှိစေရေး ဆောင်ရွက် နေမှု၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်နေမှု၊ မြက်ပင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ မြေနိမ့်နေရာများ ရေဝပ်မှုမရှိ စေရေးနှင့် ရေတင်ကျန်မှုမရှိစေရေး သဲမြေဖို့၍ မြေပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဝန်းကျင် မြက်ပင်ချုံနွယ်များ ရှင်းလင်း ရန်နှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် သံသုမာလမ်းတစ်လျှောက် (အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (သုဝဏ္ဏ)မှ စိန်ပန်းမြိုင်လမ်းအထိ) သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် ပေါ်ဆန်းမွှေး ရေတံခါးသို့ စီးဝင်သည့် ရေမြောင်းဆယ်ယူရှင်းလင်းနေမှု၊ အခြေခံ ပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(သုဝဏ္ဏ)     မှ စိန်ပန်းမြိုင်လမ်းသို့စီးဝင်သည့် ရေဆင်းမြောင်း ဖောက်လုပ်နေ မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စိန်ပန်းမြိုင်လမ်းရှိ အန္တရာယ်ရှိ အုပ်မိုး ကိုင်းများ ခုတ်ထွင်ရှင်းလင်းရန်၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းရန် မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ်၊ ကန်တော်ကြီးသဘာဝဥယျာဉ်သို့ သွားရောက်၍ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် ကန်ရေပြင် ထိန်းညှိ၍ ရေတံခါးအဖွင့်၊ အပိတ်ဆောင်ရွက်ရန် စီမံထားမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။








သတင်း - သွင်မောင်မောင် / ဓာတ်ပုံ - ရဲမင်းထွန်း






အခြားဆက်စပ်သတင်းများ