နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် သင်ကြားဆရာတော်ကြီးများ၊ ပြည်တွင်း၊ ပြည်ပ သင်တန်းသား၊ သင်တန်းသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး

ရန်ကုန်  ဇွန်  ၁၉

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် သင်ကြားဆရာတော် ကြီးများ၊ ပြည်တွင်း၊ ပြည်ပ သင်တန်းသား၊ သင်တန်းသူများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင် များကို ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးကြ သည်။

ထိုသို့ ဆရာတော်ကြီးများ အား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးနေမှု များကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များက ဖူးမြော်ကြည်ညိုကြပြီး ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင် များ၏ ကာကွယ်ဆေးထိုးနှံနေ မှုများကို ကြည့်ရှုအားပေးကြ သည်။

အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ရှိ သင်ကြား (ရဟန်းတော်) ၂၈ ပါး၊ သင်တန်းသား (ရဟန်း တော်) ၂၁၁ ပါး၊ သင်ကြား (သီလရှင်) လေးပါး၊ သင်တန်းသူ (သီလရှင်) ၇၄ ပါး၊ သင်တန်းသား ၁၇ ဦး၊ သင်တန်းသူ ၂၆ ဦး၊ ဝန်ထမ်း ၁၇၇ ဦး၊ ဝန်ထမ်း မိသားစု ၁၅၀ ဦး၊ ပြင်ပပုဂ္ဂိုလ် ၁၆၀ ဦး စုစုပေါင်း ၈၄၇ ပါး/ဦး တို့အား မရမ်းကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆရာဝန်များ၊ သူနာပြုများက ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးကြပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင်များက လိုအပ်သည် များ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြသည်။







ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ