ရန်ကုန်၊ ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ကြီးကြပ် မှုဖြင့် တိုင်းဒေသကြီးအမျိုးသမီး ရေးရာအဖွဲ့က ဦးဆောင်ကျင်းပ သည့် မြန်မာအမျိုးသမီးများနေ့ အကြို “စာပေဟောပြောပွဲ" အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)က မြန်မာအမျိုးသမီး များနေ့ ဂုဏ်ပြုသောအားဖြင့် "ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုး သမီးများ" တေးသီချင်းသီဆို၍ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ မြင်းမူမောင်နိုင်မိုးနှင့် စာရေး ဆရာမ မနှင်းဖွေးတို့က စာပေ ဟောပြောကြသည်။
ဆက်လက်၍ မြန်မာ့ရိုးရာ တစ်ပင်တိုင် ခြင်းလုံးခတ်ဖြင့် ဖျော်ဖြေပြီး၊ သရုပ်ဆောင် အကယ်ဒမီများရှင် စိုးမြတ်သူဇာ နှင့်စာရေးဆရာမ ရွှေကူနန်း နွဲ့နွဲ့တို့က စာပေဟောပြောကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့နာယက
ဒေါ်မော်မော်သန်းက စာရေး ဆရာများအား ဂုဏ်ပြုအမှတ် တရလက်ဆောင်များနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ဇနီးက ကပြဖျော်ဖြေသည့် အဖွဲ့များ အား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင် က စာရေးဆရာများအား ဂုဏ်ပြု လက်ဆောင်များကိုလည်းကောင်း ပေးအပ်ကြသည်။
အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးဒေါ်မော်မော်သန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ၏ဇနီးဒေါ်ယမင်းအောင်နှင့် တပ်မတော် အရာရှိကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူစိန်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်မှ ပါမောက္ခချုပ်များ၊ကျောင်းအုပ် ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များ၊ ဖောင်ဒေးရှင်းများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိ သူများ၊ နိုင်ငံကျော်စာရေးဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်း များနှင့် ပညာရေးဒီဂရီကောလိပ် တို့မှကျောင်းသူများ တက်ရောက် ကြသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)