နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်အဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ်အစိုးရ၊ နိုင်ငံခြားရေးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံ

ရန်ကုန်၊ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၄) တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ်အစိုးရ၊ နိုင်ငံခြားရေး ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်  Mr. Li Shengbin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် Mr. Li Shengbin က ရန်ကုန်တိုင်းဒေသကြီးနှင့် ဟေလုံကျန်းပြည်နယ်တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပါ အဝင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ စတင်ပူးပေါင်းဆောင်ရွက် နိုင်ရေး ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆွေတော်နှင့်အဖွဲ့ ယခုလို လာရောက်တွေ့ဆုံမှုအတွက် ဝမ်းသာစွာကြိုဆိုပါကြောင်း၊ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ကြီးဖြစ်ပြီး နိုင်ငံ တကာနှင့်ချိတ်ဆက်နိုင်သည့် ပင်လယ်ဆိပ်ကမ်းမြို့ကြီးလည်းဖြစ် ကြောင်း၊ ဆန်စပါးနှင့်ပဲမျိုးစုံကို အဓိကစိုက်ပျိုးပြီး အခြားသီးနှံများ ကိုလည်းစိုက်ပျိုးကြောင်း၊ ကုန်သွယ်မှုပြုလုပ်မည်ဆိုပါက ဆန်နှင့်ပဲအမျိုးမျိုးကို ကုန်သွယ်မှု ပြုလုပ်လိုပါကြောင်း၊ စက်မှုဇုန် (၂၉) ဇုန်ရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိပြီး အထည်ချုပ် လုပ်ငန်းက အများဆုံးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ သည် ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ကြပြီး အေးအတူပူအမျှ အသိုက်အဝန်းတစ်ခုအဖြစ် နေထိုင်ခဲ့ကြရာ ကိုဗစ်ကာလ၊ မိုခါ မုန်တိုင်းကာလနှင့် ပညာရေးကဏ္ဍများအတွက် လှူဒါန်းမှုများနှင့် ပတ်သက်၍ ကျေးဇူးတင်ရှိပါကြောင်းနှင့် ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုအပါအဝင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရေး ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့သည် အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ် ကြပြီး စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။   ဆန်းကျော်ဦး(ပြန်/ဆက်)

ကုန်သွယ်မှုပြုလုပ်မည်ဆိုပါက ဆန်နှင့်ပဲအမျိုးမျိုးကို ကုန်သွယ်မှု ပြုလုပ်လိုပါကြောင်း၊ စက်မှုဇုန် (၂၉) ဇုန်ရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိပြီး အထည်ချုပ် လုပ်ငန်းက အများဆုံးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ သည် ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ကြပြီး အေးအတူပူအမျှ အသိုက်အဝန်းတစ်ခုအဖြစ် နေထိုင်ခဲ့ကြရာ ကိုဗစ်ကာလ၊ မိုခါ မုန်တိုင်းကာလနှင့် ပညာရေးကဏ္ဍများအတွက် လှူဒါန်းမှုများနှင့် ပတ်သက်၍ ကျေးဇူးတင်ရှိပါကြောင်းနှင့် ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုအပါအဝင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရေး ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့သည် အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ် ကြပြီး စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။   







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ