ကွီတို၊ဇွန် ၁၈
အီကွေဒေါနိုင်ငံတွင် မြေပြိုမှုကြောင့် အနည်းဆုံး လူခြောက်ဦး သေဆုံးပြီး ၁၉ဦး ဒဏ်ရာရထားကြောင်း အီကွ ေဒေါအာဏာပိုင်များက ဇွန် ၁၇ ရက် တွင် ထုတ်ပြန်သည်။
နိုင်ငံအလယ်ပိုင်းရှိ ဘာနို့စ်ဒီ အက်ဂွာဆန်တာ မြို့တွင် ကြီးမား သည့် မြေပြိုမှုတစ်ခုဖြစ်ပေါ်ပြီး ကနဦး လူ ၃၀ ဦးခန့် ပျောက်ဆုံးနေ သော်လည်း ယင်းတို့ကို ပြန်တွေ့ပြီဖြစ်ကာလူ အားလုံး ဘေးကင်းကြောင်းအီကွေဒေါ သဘော၀ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာန တာဝန်ရှိသူများက အစီရင်ခံစာ ဖော်ပြသည်။
တောင်အမေရိကတိုက် အလယ် ပိုင်းနှင့်တောင်ပိုင်းဒေသ နေရာအများ အပြားတွင် လေဖိအားနည်းရပ်ဝန်း ကြောင့် မိုးသက်မုန်တိုင်း ကျရောက်ပြီး အာဏာပိုင်များက မြေပြိုမှု ၊ ကျောက်တုံး ကျောက်ခဲပြိုကျမှုနှင့် ရေကြီး ရေလျှံမှု ဆိုင်ရာ သတိပေးချက်များ အသီးသီး ထုတ်ပြန်ထားကြောင်း သိရသည်။
(ref:AP)