နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုလ ဆွေးနွေးပွဲ တာလီဘန်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

ကဘူးလ်၊ဇွန် ၁၈

တာလီဘန်အစိုးရနှင့် ထိတွေ့ ဆက်ဆံမှုလုပ်ရာတွင် ညီညွတ်သည့် ချဉ်းကပ်မှုဖြစ်လာရန် အာဖဂန်အရေး ကုလအစည်းအဝေးတစ်ရပ်ပြုလုပ် မည်ဖြစ်ကာ ယင်းအစည်းအဝေးသို့ တာလီဘန် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ကြောင်း တာလီဘန် အစိုးရက ဇွန် ၁၇ ရက်တွင် ပြောသည်။ 

လာမည့် ဇွန် ၃၀ တွင် ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပမည့် အာဖဂန်အရေး နိုင်ငံတကာညီလာခံကို ကုလသမဂ္ဂက နှစ်ရက်ကြာကျင်းပရန် စီစဉ်ထားပြီး နိုင်ငံတကာကိုယ်စားလှယ်များ စုံညီ မည့် ယင်းအစည်းအဝေးသို့ တာလီဘန် အစိုးရအနေဖြင့် ပထမဆုံးအကြိမ် တက်ရောက်မည် ဖြစ်သည်။ 

တတိယအကြိမ် ဒိုဟာ ညီလာခံနှင့် ပတ်သက်၍ ညှိနှိုင်းမှုများလုပ်ဆောင် ပြီးနောက် ပါဝင်တက်ရောက်ရန် သဘောတူညီမှုရရှိခြင်းဖြစ်ကြောင်း တာလီဘန်ပြောခွင့်ရသူက အာဖဂန် ရုပ်သံဌာနတစ်ခုတွင် ပြောကြားသည်။

အာဖဂန်လူထု အကျိုးစီးပွားအတွက် ယခုကဲ့သို့  ဆုံးဖြတ်ခြင်းဖြစ်ပြီးအာဖဂန် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် လူသား ချင်း စာနာကူညီမှုများအတွက် အစည်း အဝေးမှန်သမျှကို အရေးတကြီး စဉ်းစား သွားမည်ဖြစ်ကြောင်း တာလီဘန် ပြောခွင့်ရသူ  Zabihullah Mujahid က ပြောသည်။                         

 







(ref:AFP)






အခြားဆက်စပ်သတင်းများ