လန်ဒန်၊ ဇွန် ၁၈
ဗြိတိန်၏ဝေလမင်းသမီး ကိတ်သည် ကင်ဆာရောဂါဖြစ်ပွားကြောင်းသတင်း များထွက်ပေါ်လာပြီးနောက် ပထမ ဆုံးအနေဖြင့် ချားလ်စ် ဘုရင် မွေးနေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနား သို့ တက်ရောက်လာသည်။
အသက် ၄၂ နှစ်အရွယ်ရှိမင်းသမီး သည် ဇန်နဝါရီလက ဗိုက်ခွဲစိတ်မှု ခံယူပြီးနောက် ဆေးရုံ၌ နှစ်ပတ်ကြာ နေထိုင်ခဲ့ကာ နှစ်လအတွင်း ပြုလုပ် သောစမ်းသပ်မှုများတွင် ကင်ဆာ ရောဂါရှိနေကြောင်း သိရှိရသဖြင့် ဓာတ်ကင်နေရကြောင်း သိရသည်။
ကိတ်သည် ဆေးကုသမှုခံယူဆဲ ဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန် လာခြင်းကြောင့် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းသို့ ထွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
မင်းသမီးကိတ်သည် ရထားလုံး စီးကာ ယင်း၏ ကလေးများနှင့်အတူ မွေးနေ့ပွဲသို့ တက်ရောက်လာခြင်းဖြစ်ပြီး မိုးဖွဲများကြားတွင် ပြည်သူများသည် မင်းသမီးလာသည်ကိုမြင်ရသည့်အခါ ဝမ်းသာအားရ ကြိုဆိုကြောင်း သိရ သည်။
(ref:AFP)