နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုလီဗီးယား ဆီဆိုင်များတွင် လုံခြုံရေးများ အပြည့်ချထား

လာပက်ဇ်၊ ဇွန် ၁၇

ဘိုလီဗီးယားနိုင်ငံ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် အယ်လ် အာလ်တိုမြို့တွင် လောင်စာဆီများ ခိုးထုတ်ရောင်းစားမှုကို တားဆီး ရန်အတွက် ဆီဆိုင်များတွင် စစ်သား များကို လုံခြုံရေးချထားကြောင်း သိရ သည်။

အယ်လ် အာလ်တိုမြို့ ဆီဆိုင် တစ်ဆိုင်တွင် ဆီဖြည့်ရန်တန်းစီ စောင့်ဆိုင်းနေသည့် ထရပ်ကားတန်း ရှည်ကြီးတစ်ခုကို တွေ့ရပြီး ဆီဖြည့်ရန် သုံးနာရီကြာ တန်းစီရကြောင်း ထရပ်  ကား ယာဉ်မောင်းများက ပြောသည်။ 

ဘိုလီဗီးယားသမ္မတလူး၀စ္စ အာဆေကမူ ရုရှားက ဘိုလီဗီးယားကို လောင်စာ ရောင်းချပေးရန်ရုရှား သမ္မတပူတင်နှင့်သဘောတူညီမှု ရရှိထားကြောင်း ကြေညာထားကာ မကြာသေးမီက ဆီတန်းစီသည့် ယာဉ်များ၊ ကုန်တင်ကားများကြောင့် လမ်းမကြီးများ ပိတ်ဆို့သည်အထိ ကြုံတွေ့ခဲ့ကြောင်း သိရသည်။

ဘိုလီဗီးယားတွင် လောင်စာ ပြတ်လပ်မှုသည် ဆီခိုးထုတ်ရောင်းစားသူများကြောင့်သာ ဖြစ်သည်ဟု ဘိုလီးဗီးယား အစိုးရက တထစ်ချစွပ်စွဲ ပြစ်တင်ထားသည်။     







 (ref:Reuters)






အခြားဆက်စပ်သတင်းများ