နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချီလီနိုင်ငံရှိ ခန်းခြောက်မြစ်တစ်စင်း ခြောက်နှစ်အကြာ ရေပြန်လည်စီးဆင်း

ဆန်တီယာဂို၊ဇွန် ၁၇

ချီလီနိုင်ငံအလယ်ပိုင်း ပက်တိုကာ မြို့ရှိ မြစ်တစ်စင်းသည် ဆိုးရွားသည့် မိုးခေါင်မှုဒဏ်ကို ခံရပြီးနောက် ခြောက် နှစ် အကြာတွင် မိုးရွာသွန်းမှုကြောင့် မြစ်ရေများ ပြန်လည် စီးဆင်းလာ ကြောင်း ဒေသခံများက ဇွန် ၁၆ ရက် တွင် ပြောသည်။ 

ပက်တိုကာမြို့ အုပ်ချုပ်ရေးအဖွဲ့ ၏ ထုတ်ပြန်ချက်တွင်  မိုးခေါင်မှု ဒဏ်ကြောင့် ခန်းခြောက်သွားသည့် မြစ်အတွင်း ရွှံ့နွံရောနှောနေသည့် ရေများ ပြန်စီးဆင်းလာသည်ကို ဒေသခံများက မြစ်ကမ်းဘေးမှ ကြည့်ရှုကာ ပျော်ရွှင်စွာ အော်ဟစ်ကြိုဆိုကြောင်း ဖော်ပြထား သည်။ 

ချီလီနိုင်ငံ အလယ်ပိုင်းနှင့်တောင် ပိုင်းဒေသများတွင် မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လူတစ်ဦးသေဆုံးပြီး လူနေအိမ်များ ပျက်စီးသွားခြင်းကြောင့် လူပေါင်း ထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။








(ref:Reuters)






အခြားဆက်စပ်သတင်းများ