ကမ္ဘာပေါ်တွင် နှစ်စဉ် အသည်းရောဂါဖြင့် လူတစ်သန်းခန့် သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အသည်းရောင် အသည်းခြောက် အသည်းကင်ဆာ စသောအသည်းနှင့်ပတ်သက်၍ ရောဂါ၏ အကြောင်းရင်းမှာ အသည်းရောင် အသားဝါဘီပိုး၊ စီပိုးများ ကူးစက်ခံရခြင်းဖြစ်ကြောင်း ပညာရှင်တို့က လေ့လာတွေ့ရှိထားကြသည်။
အသည်းရောင် ဘီပိုးနှင့် စီပိုးသည် နာတာရှည်ရောဂါများအဖြစ် ကူးစက်နိုင်ပြီး သတိမပြုမိပါက အသည်းခြောက်ခြင်းနှင့် အသည်း ကင်ဆာဖြစ်ပွားလေ့ရှိသည်။ အသည်းရောင်ရောဂါဖြစ်စေသည့် ဘီပိုးနှင့်စီပိုးသည် ကူးစက်ရန် လွယ်ကူပြီး စနစ်တကျ ကုသမှုခံယူ သင့်သည်။ လူအများတွင် အသည်းရောဂါဖြစ်ပွားရခြင်း အကြောင်း အရင်းမှာ သန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်ရသည်ဟု ပညာရှင် တို့က ဆိုသည်။
မသန့်ရှင်းသောရေ၊ မသန့်ရှင်းသောအစားအစာတို့မှ တစ်ဆင့် အသည်းရောဂါဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားပါက စနစ်တကျ ကုသမှုခံယူသင့်သည်။သို့ရာတွင် လူအများစုသည် ဘီပိုးနှင့် စီပိုးများ ကူးစက်ခံနေရသည့် သတိမပြုမိဘဲ ဖြစ်ကြရသည်။
ယနေ့ လူမှုဘ၀ဝန်းကျင်တွင် တွင်တွင်ကျယ်ကျယ် ပျံနှံ့လွယ် ပြီး အမျိုးသားတို့၏ လူမှုဘ၀ကို ထိခိုက်မှုအလွယ်ဆုံးဖြစ်သည့် အရက်သေစာသောက်စားမူးယစ်မှုကြောင့် ထိခိုက်စေသော အကျိုး ရလဒ်များ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။
အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် နောက်ဆက် တွဲ ရောဂါအမျိုးမျိုး ဖြစ်ပေါ်လာနိုင်ပေရာ အသည်းကို ထိခိုက်မှု သည် များပြားလာသော အခြေအနေသို့ ရောက်ရှိနေသည်။ ကျန်းမာရေးနှင့်ပတ်သက်၍ မိမိကိုယ်ကျန်းမာကြံ့ခိုင်သန် စွမ်းအောင် နေထိုင်စားသောက်ရန်လိုအပ်သည်။ မိမိတို့နိုင်ငံ၏ လူ့သက်တမ်းသည် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိသည်ကို တွေ့မြင်ရကြောင်း ထို့ကြောင့် အသိ၊ သတိနှင့်ယှဉ်၍ နေထိုင်စားသောက်ရန်နှင့် မိမိအတွက် အကျိုးမရှိသည့် အသောက်အစားအပျော်အပါးများကို ရှောင် ကြဉ်ကြရန် တစ်ဦးချင်းနှင့် အဖွဲ့အစည်းအပေါ် ထိခိုက် စေနိုင်သည့် လုပ်ကိုင်ပြုမူနေထိုင်မှုများကိုလည်း ရှောင်ကြဉ် ကြရန်လိုကြောင်း အသောက်အစားအပျော်အပါးများကြောင့် မိသားစုများ အဖွဲ့အစည်းများအပေါ်တွင် ထိခိုက်မှုမရှိအောင် ထိန်း ထိန်းသိမ်းသိမ်းဖြင့် မိမိကိုယ် မိမိ တည်ဆောက်ကြရန်လိုကြောင်း နိုင်ငံတော်အကြီးအကဲက တွေ့ဆုံပွဲများတွင် မှာကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ လူအများ၏ ကျန်းမာရေးကို ခြိမ်းခြောက် လာသော အသည်းရောဂါအမျိုးမျိုး မဖြစ်ပွားအောင် ဆင်ခြင် စားသောက်နေထိုင်ရန် လိုအပ်လာသည်ဟု ဆိုချင်ပါကြောင်း ။