နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကူဝိတ်တွင် အလုပ်သမားတန်းလျား မီးလောင်မှု၊ သံသယရှိသူများ ဖမ်းဆီးထား

ကူဝိတ် ဇွန် ၁၆

ကူဝိတ်တွင်   အလုပ်သမား တန်းလျားမီးလောင်၍  လူပေါင်း ၅၀ ဦးအထိ သေဆုံးသွားပြီးနောက် လူသေစေမှုသံသယဖြင့်  လူသုံးဦးကို သက်ဆိုင်ရာအာဏာပိုင်များက ဇွန် ၁၅ ရက်က ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ တိုက်တန်းလျားမီးလောင်မှု တွင် သေဆုံးသူများသည် အိန္ဒိယနိုင်ငံ သားများဖြစ်ပြီး မီးခိုးမွှန်၍ ‌သေဆုံး သွားကြခြင်းဖြစ်ကာ သေဆုံးသူများ တွင် ‌ဖိလစ်ပိုင်နိုင်ငံသားသုံးဦးလည်း ပါဝင်ကြောင်း မနီလာအာဏာပိုင်များက ပြောသည်။

မြေညီအခန်းအတွင်း လျှပ်စစ် လိုင်းချို့ယွင်းရာမှ ဖြစ်ပေါ်လာသော မီးလောင်မှုဖြစ်စဉ်ကြောင့်  လုံခြုံရေး လုပ်ထုံးလုပ်နည်းများနှင့် မီးသတ် စည်းမျဉ်းများကို လိုက်နာရန် ပေါ့ဆ သည်ဟုဆိုကာ လူသေစေမှုဖြင့် စွဲချက် တင်ပြီး ကူဝိတ်နိုင်ငံသားတစ်ဦးနှင့် အခြားနိုင်ငံခြားသား နှစ်ဦးတို့ကိုဖမ်းဆီး ထိန်းသိမ်းထားကြောင်း အစိုးရရှေ့နေ က ပြောသည်။

မီးဘေးအတွင်း သေဆုံးသွားသည့် အိန္ဒိယနိုင်ငံသားများအတွက် ကျန်ရစ် သူဆွေမျိုးများကို ထောက်ပံ့ကြေး အနေဖြင့်  ရူပီး ၂၀၀,၀၀၀ (အမေရိ ကန်ဒေါ်လာ ၂,၄၀၀) ပေးအပ်သွား မည်ဖြစ်ကြောင်း  အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက  ကြေညာထားသည်။








(ref:AFP)






အခြားဆက်စပ်သတင်းများ