နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံရထားလမ်းကွန်ရက် တိုးချဲ့

ဘန်ကောက် ဇွန် ၁၆

ထိုင်းနိုင်ငံတွင် ရထားလမ်းကွန်ရက် တိုးချဲ့ရန် ပြင်ဆင်နေပြီး မြို့တော် ဘန်ကောက်နှင့် လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်းအကြား ရထားစမ်းသပ် ပြေးဆွဲမှုများ လုပ်ဆောင်နေပြီဖြစ် ကြောင်း ထိုင်းအစိုးရ မီးရထားဌာနက ဇွန် ၁၅ ရက်တွင် ပြောသည်။

ရထားဝန်ဆောင်မှုများ ပြေးဆွဲ ချိန်တွင် ယခုလမ်းကြောင်းချိတ် ဆက်မှုအသစ်သည် ၎င်းတို့ နှစ်နိုင်ငံ အပြင် တရုတ်နိုင်ငံအကြား ပို့ဆောင် ဆက်သွယ်မှုကိုပါ ပိုမိုကောင်းမွန်လာစေမည်ဖြစ်ကြောင်း မီးရထားဌာန အရာရှိ Ekarat Sriarayanphong က ပြောသည်။ 

ထိုင်း-လာအို ရထားလမ်းချိတ်ဆက် မှု စတင်လိုက်ခြင်းဖြင့် ဘန်ကောက်မှ ပေကျင်းမြို့တော်သို့ ရထားဖြင့် သွား ရောက်နိုင်မည်ဖြစ်ပြီး ယင်းသည် ဗီယန်ကျင်းမှတစ်ဆင့်  တရုတ်သို့ သွားရောက်ရာတွင်လည်း  အဆင်ပြေ စေမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ရထားခရီးစဉ်ဖြင့် ထိုင်းကုန် စည်များကို ပို့ဆောင်ခွင့်ပြုထားခြင်း ကြောင့်တောင်ပေါ်လမ်းများ တစ်လျှောက် ကုန်တင်ကားများနှင့် သယ်ဆောင်ရသည့် နှစ်ရက်ကြာ ကုန်ပို့ ဆောင်ခရီးကို အချိန် ၁၅ နာရီအတွင်း ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။ 










(ref: Bangkok Post)






အခြားဆက်စပ်သတင်းများ