နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်အာဖရိကသမ္မတအဖြစ် ရာမာဖိုဆာ ပြန်အရွေးခံရ

ကိတ်တောင်း ဇွန် ၁၆

လက်ရှိ အာဏာရ အာဖရိကအမျိုး သား ကွန်ဂရက် (ANC) ပါတီနှင့် အတိုက်အခံများကြား မဟာမိတ်ဖွဲ့ရေး သမိုင်းဝင် သဘောတူညီချက် ရရှိပြီး နောက် တောင်အာဖရိက ပါလီမန်က ဆိုင်ရီလ် ရာမာဖိုဆာကို နိုင်ငံ၏ သမ္မတ အဖြစ် ပြန်လည် ရွေးကောက်တင် မြှောက်လိုက်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရသစ် အဖွဲ့တွင် မစ္စတာ ရာမာဖိုဆာ၏ ANC ပါတီ ၊ ဗဟိုနှင့် လက်ယာယိမ်းများ၏ ဒီမိုကရက်တစ်မဟာမိတ် (DA) အပြင် အခြားပါတီငယ်လေးကိုပါ ထည့်သွင်း ဖွဲ့စည်းထားသည်။

အစိုးရသစ်ကို အတည်ပြုနိုင်ရန် အမျိုးသားလွှတ်တော်အစည်းအဝေး ကို ညပိုင်းအထိ   ကျင်းပကြပြီး ရွေးကောက်ပွဲတွင် ANC ပါတီ က ထောက်ခံမဲ ၄၀ ရာခိုင်နှုန်း၊ DA ပါတီက ထောက်ခံမှု ၂၂ ရာခိုင်နှုန်း ရရှိသဖြင့် မဟာမိတ်အစိုးရဖွဲ့စည်းနိုင် ခြင်းသည် အလွန်ထူး ခြားကြောင်း ANC ပါတီ အတွင်းရေးမှူးချုပ် ဖီကီလ်အမ်ဘာလူလာက ပြောသည်။ 









(ref:BBC)






အခြားဆက်စပ်သတင်းများ