နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာယဗလနှင့်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်လူကြီးမွမ်းမံသင်တန်း ဖွင့်လှစ်

ရန်ကုန် ဇွန် ၁၆

အားကစားနှင့် လူငယ်ရေး ရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သည့် ကာယဗလနှင့်  ကာယကြံ့ခိုင်မှု နည်းပြနှင့် ဒိုင်လူကြီး မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းရှိ သင်တန်းခန်းမ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်) ဦးညီညီ  အားကစားနှင့် ကာယပညာ ဦးစီးဌာနက တာဝန်ရှိသူများ  အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များ သင်တန်း နည်းပြဆရာများနှင့် ပြည်နယ် နှင့် တိုင်းဒေသကြီးများမှ သင်တန်းသားများ တက်ရောက် ကြသည်။

ဒုတိယမြို့တော်ဝန် ဦးညီညီ က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် “ယခုဖွင့်လှစ် သည့် နည်းပြနှင့်ဒိုင်လူကြီး များ (မွမ်းမံ) သင်တန်းသည် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားသမားများအတွက် မရှိမဖြစ်လိုအပ်သည့် နည်းပြ ဆရာများနှင့် အားကစားပြိုင်ပွဲ  အကဲဖြတ် ဒိုင်လူကြီးများ အတွက် နိုင်ငံတကာပြိုင်ပွဲများ တွင် ကျင့်သုံးနေသည့် နည်းစနစ် တွေကိုလည်း ထပ်ဆောင်းပို့ချ ပေးမှာဖြစ်ပါကြောင်း အဖွဲ့ချုပ် အနေဖြင့်လည်းသင်တန်းသား သင်တန်းသူအားလုံး သင်တန်း ပြီးဆုံးပါက လက်တွေ့နယ်ပယ် တွင် မိမိတို့မြို့ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌  အားကစား သမားများကို ထပ်ဆင့်ရှင်းလင်း ပို့ချသင်ကြားပေးပြီး နိုင်ငံ အတွက် ဂုဏ်ဆောင်ပေးနိုင် မည့် အားကစားသမားအကျော် အမော်များ ပေါ်ထွန်းလာစေရေး အတွက် ကြိုးစားဆောင်ရွက် ပေးကြစေလိုကြောင်း" မှာကြား သည်။

ထို့နောက် အဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌဦးကျော်သန်းက  သင်တန်း ဆရာများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများက သင်တန်း သားများအား တစ်ဦးချင်း မိတ်ဆက်ပေးသည်။

အဆိုပါ ကာယဗလနှင့် ကာယကြံ့ခိုင်မှု နည်းပြနှင့် ဒိုင်လူကြီး မွမ်းမံသင်တန်းကို ဇွန် ၁၆ ရက်မှ ၂၀ ရက်အထိ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ပြီး 

သင်တန်းသို့ နည်းပြ ၁၇ ဦး၊ ဒိုင်လူကြီး ၂၄ ဦး စုစုပေါင်း ၄၁ ဦး တက်ရောက်ကြသည်။

အားကစားနှင့် လူငယ် ရေးရာ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဥမအကြိမ် အမျိုးသားအားကစားပွဲတော်  တွင် ထည့်သွင်းကျင်းပ မည့် အားကစားနည်းများကို သက်ဆိုင်ရာ အားကစားအဖွဲ့ ချုပ်များမှ နည်းပြနှင့် ဒိုင်လူကြီး (မွမ်းမံ) သင်တန်းများအား ပို့ချသင်ကြားပေးရန် လမ်းညွှန် ထားကြောင်း သိရသည်။ 








အောင်မြင့်ဌေး 

(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ