နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်မက်ဒရစ် ဂိုးသမား လူနင်ကို ခေါ်ယူရန် နည်းပြ အာတီတာ ကြိုးပမ်း

ဇွန်  ၁၅

အာဆင်နယ်အသင်း နည်းပြ အာတီတာက ရီးရဲလ်မက်ဒရစ် အသင်းတွင် နည်းပြနှင့်ဆက်ဆံ ရေးအဆင်မပြေသည့် ဂိုးသမား လူနင်ကို လာမည့် နွေရာသီ တွင် ခေါ်ယူနိုင်ရန် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။

အသက် ၂၅ နှစ်ရှိ ဂိုးသမား လူနင်သည် ယခုနှစ် ဘောလုံး ရာသီ ရီးရဲလ်မက်ဒရစ်အသင်း တွင် ပထမဦးစားပေး ဂိုးသမား ကော့တွိုက် အရွတ်ထိခိုက် ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရချိန်တွင် ပထမ ဦးစားပေး ဂိုးသမားအဖြစ် တာဝန် ယူ၍ အသင်းအား လာလီဂါ ဆုဖလားနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ရှိအောင် ပို့ ဆောင်နိုင်ခဲ့သည်။

သို့သော်လည်း နည်းပြ အန်ဆယ်လော့တီက ယခုနှစ် ဘောလုံးရာသီတွင် လက်စွမ်းပြ ကစားနိုင်ခဲ့သည့် ဂိုးသမား လူနင် အား မျက်ကွယ်ပြု၍ ချန်ပီယံ လိဂ် ဗိုလ်လုပွဲမတိုင်မီ ဒဏ်ရာမှ သက်သာလာသည့် ဂိုးသမား ကော့တွိုက်အား ကမ္ဘာ့အကောင်း ဆုံး ဂိုးသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးစကား ပြောကြားခဲ့ပြီး ဗိုလ်လုပွဲတွင် ထည့်သွင်းအသုံး ပြုခဲ့ပြီးနောက် အန်ဆယ်လော့တီ နှင့် ဂိုးသမား လူနင်တို့အကြား ဆက်ဆံရေး အဆင်မပြေမှုများ ရှိလာခဲ့ခြင်းဖြစ်သည်။

နည်းပြနှင့် အဆင်မပြေဖြစ် နေသည့် ဂိုးသမား လူနင်ကို အာဆင်နယ်အသင်း အပါအဝင် ဥရောပထိပ်သီး ကလပ်အသင်းများ က စိတ်ဝင်စားလျက်ရှိသည်။







သူရိန်






အခြားဆက်စပ်သတင်းများ