အေသင် ဇွန် ၁၅
ဂရိနိုင်ငံတွင် ၄၃ ဒီဂရီဆဲလ် စီးယပ်ရှိသည့် အပူလှိုင်းကြောင့် အခရိုပိုလစ် ရှေးဟောင်းမြို့တော် ခရီးသွားနေရာနှင့် စာသင်ကျောင်း များကို သွားလာခွင့် ပိတ်ထားကြောင်း အာဏာပိုင်များက ဇွန် ၁၄ ရက်တွင် ထုတ်ပြန်သည်။
ဂရိနိုင်ငံသည် ယခုနှစ်နွေရာသီ တွင် အပူလှိုင်းကျရောက်နေပြီး အေသင်မြို့တွင် ဆေးခန်းများကို ကြိုတင်ပြင်ဆင် ထားရကြောင်း၊ အပူလှိုင်းကြောင့် ကမ္ဘာလှည့် ခရီး သည်များ ဝင်ရောက်မှု များပြားသည့် အခရိုပိုလစ် မြို့ဟောင်းကိုလည်း နေ့လယ်ပိုင်းမှ စ၍ ညနေ ၅ နာရီအထိ ပိတ်ထားကြောင်း သိရသည်။
အလားတူ အခြေခံကျောင်းများ ကိုလည်း နှစ်ရက်ကြာ ပိတ်ထားမည် ဖြစ်ပြီး နိုင်ငံတဝန်း ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ရန်လည်း ပြင်ဆင်ထားကြောင်း သိရသည်။
ဂရိနိုင်ငံသည် ပြီးခဲ့သည့်နှစ်က တောမီးကြောင့် အပူချိန်မြင့်တက်ခဲ့ သည့်အပြင် အချိန်အခါမဟုတ် မိုးရွာ မှုများလည်း ဖြစ်ပွားခဲ့ခြင်းကြောင့် စံချိန်တင် ရေကြီးမှုများ ဖြစ်ပေါ်ကာ ဥရောပနိုင်ငံများအနက် ရာသီဥတု ဒဏ်ကို အဓိကခံနေရသည့်နိုင်ငံဖြစ် ကြောင်း သိရသည်။
(ref: AP)