နယူးဒေလီ ဇွန် ၁၅
အိန္ဒိယ နာမည်ကျော် မဆလာ ဟင်းခတ်အမွှေးအကြိုင် အမှတ်တံဆိပ် များဖြစ်သည့် MDH နှင့် ဧဝရတ်ထုတ် ကုန်အချို့ကို စမ်းသပ်ပြီးနောက် စားသုံးရန် ဘေးကင်းစိတ်ချရမှုမရှိ ကြောင်း ကမ္ဘာတဝန်းက အိန္ဒိယ ပြည်နယ် ရာဂျက်စ်ထန်က ဖက်ဒရယ် အစိုးရထံ အသိပေးစာစောင် ပေးပို့ထား ကြောင်း သိရသည်။
အဆိုပါ ဟင်းခတ်အမွှေးအကြိုင် များသည် ကျန်းမာရေးအတွက် သန့်ရှင်းမှုမရှိကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ပြီးနောက် ပြည်တွင်း၌ သာမက ပြည်ပတွင်ပါ စစ်ဆေး စိစစ် မှုများ ပြုလုပ်လျက်ရှိပြီး ကင်ဆာဖြစ် စေနိုင်သည့် အီသိုင်လင်း အောက်ဆိုဒ် မြင့်မားစွာ ပါဝင်နေသည်ဟုဆိုကာ ရောင်းချမှုများ ရပ်ဆိုင်းထား ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ အိန္ဒိယနှင့် အခြားဈေးကွက်များတွင် သက်ဆိုင်ရာ ကွပ်ကဲရေးအဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်နေပြီး စင်ကာပူ၊ နယူးဇီလန်၊ အမေရိကန်နှင့် ဩစတြေးလျတို့က လည်း လေ့လာစစ်ဆေးနေကာ ဗြိတိန် ကမူ အိန္ဒိယမှဝင်လာသည့် ဟင်းခတ် အမွှေးအကြိုင်အားလုံးကို ဆင့်ကဲထိန်း ချုပ်မှုများ ချမှတ်နေကြောင်း သိရသည်။
အိန္ဒိယသည် ကမ္ဘာပေါ်တွင် ဟင်းခတ်အမွှေးအကြိုင်နှင့်ပတ်သက် ပြီး တင်ပို့မှု၊ ထုတ်လုပ်မှု၊ သုံးစွဲမှု တို့တွင် အများဆုံးနိုင်ငံ ဖြစ်ပြီး MDH နှင့် ဧဝရတ်ကုမ္ပဏီများကမူ ယခုစွပ်စွဲ ချက်များအပေါ် ငြင်းဆိုထားသည်။
(ref:CNA)