နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားစစ်သင်္ဘောများ ဟာဗားနားဆိပ်ကမ်းသို့ ဆိုက်ကပ်

ဟာဗားနား ဇွန် ၁၅

ရုရှား ရေတပ်ဖရီးဂိတ် စစ်သင်္ဘော တစ်စင်းနှင့် နျူစွမ်းအင်သုံး ရေငုပ် သင်္ဘောတစ်စင်းတို့သည် ကျူးဘား-ရုရှား နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှု အတွက် ကျူးဘားနိုင်ငံ ဟာဗားနား ဆိပ်ကမ်းကို ဇွန် ၁၄ ရက်က ဆိုက်ကပ် ရောက်ရှိနေပြီ ဖြစ်သည်။

ရုရှားရေတပ်သင်္ဘောများ ရောက် ရှိ လာမှုသည် ခြိမ်းခြောက်မှုမဟုတ် ကြောင်း ကျူဘားက ပြောထားသော် လည်း ယူကရိန်းအရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ရုရှား၏ အင်အား ပြသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ ရုရှားစစ်သင်္ဘောများသည် နှစ် ၄၀၀ သက်တမ်းရှိ  မိုရိုရဲတိုက် ရှေ့က   ဖြတ်သန်းခုတ်မောင်းပြီး ဆိပ်ကမ်းကို ဝင်ရောက်လာချိန်တွင် ကမ်းပေါ်က ကြိုဆိုသူများ ၊ လာရောက် စူးစမ်းကြည့်ရှုသူများ ၊ လုံခြုံရေးယူ ထားသည့် ရဲများနှင့် ပြည့်နေသည်ကို တွေ့ရသည်။

ကျူးဘားကမူ ချစ်ကြည်ရင်းနှီး သည့် နိုင်ငံများမှ ရေတပ်သင်္ဘောများ လာရောက်မှုသည် လုပ်ရိုးလုပ်စဉ် ကျင့်ထုံးတစ်ခုဖြစ်ပြီး အဆိုပါ သင်္ဘာ များတွင် နျူကလီယားလက်နက် တင်ဆောင် လာခြင်းမရှိသည့်အတွက် ဒေသတွင်း ခြိမ်းခြောက်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။          









 (ref:AFP)






အခြားဆက်စပ်သတင်းများ