ပေကျင်း ဇွန် ၁၅
တရုတ်နိုင်ငံလုပ်ငန်းရှင်များအနေ ဖြင့် ဥရောပမှ နို့ထွက်ပစ္စည်း၊ ဝက်သား တင်သွင်းမှုများ နှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လိုပါက တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနသို့ တောင်းဆို ခွင့်ရှိကြောင်း အာဏာပိုင်များက ဇွန် ၁၄ ရက်တွင် ပြောသည်။
ဇူလိုင်လကစပြီး ဥရောပကို တင်သွင်းလာသည့် တရုတ်လျှပ်စစ်ကား များအတွက် အပိုဆောင်းအခွန် ၃၈ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံမည်ဟု ဥရောပကော်မရှင်က ကြေညာလိုက်ပြီးနောက် ကမ္ဘာ့စားနပ် ရိက္ခာ ကုမ္ပဏီများသည် တရုတ်ဘက်က လက်တုံ့ပြန်အခွန် စည်းကြပ်မှုများ ရှိလာမည်ကို စိုးရိမ်လျက်ရှိသည်။
ပုံမှန်ဈေးကွက် ပြိုင်ဆိုင်မှုနှင့် စည်းစနစ်တကျရှိမှုကို ထိန်းသိမ်းရန် နှင့် ယင်းတို့၏ တရားဝင်အခွင့် အရေး များကို ကာကွယ်ရန် တရုတ်ပြည်တွင်း လုပ်ငန်းများသည် ဥရောပ နို့ထွက် ပစ္စည်းနှင့်ဝက်သား တင်သွင်းမှုကို စုံစမ်းစစ်ဆေးပေးရန် လျှောက်လွှာ တင်ပိုင်ခွင့်ရှိကြောင်း တရုတ်ကုန် သွယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ ဟီယာဒေါင်က ပြောသည်။
တရုတ်ပြည်တွင်း ကုမ္ပဏီများ သည် လက်ရှိတွင် စုံစမ်းစစ်ဆေး မှုများကို တောင်းဆိုရန် ပြင်ဆင်နေ ကြပြီး စစ်ဆေးနေစဉ် ကုန်သွယ်မှုကို ကာလကြာရှည်စွာ ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း သိရသည်။
(ref:Reuters)