နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် EV များအပေါ် အီးယူက ထပ်ဆောင်းအခွန်ကောက်ခံမည်

ဘရပ်ဆဲလ် ဇွန် ၁၅

ဥရောပကော်မရှင်သည် လာမည့် ဇူလိုင်လကစပြီး တရုတ်နိုင်ငံက တင်သွင်းလာသည့် လျှပ်စစ်ကားများ အပေါ် ၃၈ ဒသမ ၁ ရာခိုင်နှုန်းအထိ ထပ်ဆောင်းအခွန် ကောက်ခံမည်ဟု မော်တော်ကားထုတ်လုပ်သူများကို အသိပေးလိုက်သည်။ 

ဥရောပ   ကော်မရှင်ဒုဥက္ကဋ္ဌ မာဂါရတစ် ဆချီနာ့စ်က တရုတ်ထုတ် ကားများသည် တရားမျှတမှုမရှိသည့် ထောက်ပံ့ကြေးများမှ အကျိုးအမြတ် ရရှိနေပြီး အီးယူကားထုတ်လုပ်သူများ ကို ခြိမ်းခြောက်နေသည်ဟု ဆိုသည်။ 

လက်ရှိတွင် တရုတ်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည် အခြေအနေ ဖြစ်ပေါ်မှုကို အနီးကပ်စောင့်ကြည့်ပြီး တရုတ်ကုမ္ပဏီများ၏ တရားဝင်အခွင့် အရေးများကို အကာအကွယ်ပေးရန် အတွက် လိုအပ်သည့် အစီအမံ အားလုံး ကို ပြတ်သားစွာ လုပ်ဆောင်သွားမည် ဟု ထုတ်ပြန်သည်။

အီးယူ၏ ထပ်ဆောင်းအခွန် ကောက်ခံမှုကို ဇူလိုင် ၄ ရက်တွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး ထောက်ပံ့ မှု ဆန့်ကျင်ရေး စုံစမ်းမှုကိုမူ နိုဝင်ဘာ ၂ ရက်အထိ ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။                                                                                                   









(ref:AFP)






အခြားဆက်စပ်သတင်းများ