နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်

ရန်ကုန် ဧပြီ ၈ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ခြင်းကို ဧပြီ ၇ ရက်၊ နေ့လယ် ၃ နာရီက ဆောင်ရွက်ခဲ့သည်။ ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (COVID-19)ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီနှင့် We Love Insein Volunteer အဖွဲ့တို့ပူးပေါင်းပြီး အင်းစိန်မြို့နယ်အတွင်းရှိ တညင်းကုန်းရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ စဉ့်ငူရပ်ကွက်၊ ဖော့ကန်ရပ်ကွက်များသို့ မော်တော်ယာဉ် ဖြင့်လှည့်လည်ကာ အသံချဲ့စက်ဖြင့်လိုက်လံနှိုးဆော်ခဲ့ပြီး နှိုးဆော်ရာတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ဆိုးကြီးကို ကမ္ဘာနှင့်အဝှမ်းရင်ဆိုင်ကြုံတွေ့နေကြရသည့်ကာလဖြစ်၍ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်(စ်)ရောဂါအန္တရာယ်မှ ကင်းဝေးကြစေရန် ပြည်သူများ၏နေအိမ်သို့လည်းကောင်း၊ ပတ်ဝန်းကျင်သို့ လည်းကောင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာကြသူများရှိပါက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးထံ အသိပေးအကြောင်းကြားခြင်း၊ Home Quarantine အဖြစ် မိမိတို့နေအိမ်များ၌ ၁၄ ရက်နေထိုင်ပေးကြသူများအနေဖြင့် သတ်မှတ်စည်းကမ်းများနှင့်အညီ ၁၄ ရက်ပြည့်သည်အထိ သတိထားလိုက်နာနေထိုင်ပေးကြရန်၊ ယခုအချိန်ကာလ၌ ရပ်ကွက်နေပြည်သူများအနေဖြင့် ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်း၊ ဖျားနာခြင်းများ ရုတ်တရက်ခံစားလာရပါက အင်းစိန်မြို့နယ်ခန်းမတွင် ဖွင့်လှစ်ထားသော (ယာယီ)ကျန်းမာရေးစစ်ဆေးမှုဌာနသို့ အပတ်စဉ်တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း မည်သူမဆိုအခမဲ့လာရောက်ပြသနိုင်ရန်၊ ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေးအတွက် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော တရားဝင်လမ်းညွှန်ချက်များအတိုင်း လက်ကိုဆပ်ပြာနှင့်ဆေးခြင်း၊ အရေးကြီးကိစ္စရပ် များမရှိပါက အိမ်ပြင်သို့မထွက်ကြဘဲ မိမိတို့နေအိမ်များ၌သာနေပေးခြင်း၊ ဈေးဝယ်ခြင်းနှင့်ကျန်းမာ ရေးကိစ္စများအတွက် မဖြစ်မနေအပြင်ထွက်ရပြီဆိုလျှင် နှာခေါင်းစည်း Mask များတပ်ဆင်ခြင်း၊ မလိုလားအပ်ဘဲ လူစုလူဝေးမလုပ်ခြင်းများကို ပူးပေါင်းကူညီလိုက်နာပေးကြရန်၊ ယင်းကူးစက်မြန်ရောဂါ၏ နှိပ်စက်မှုကိုအနိုင်ယူရန် ပြည်သူသာအဓိကဖြစ်ပြီး သက်ဆိုင်ရာဒေသန္တရအုပ်ချုပ်ရေး အမိန့်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်းလိုက်နာပြီး ပူးပေါင်းပါဝင်ကူညီပေးကြရန်၊ ရပ်ကွက်နေပြည်သူများအားလုံး ရောဂါဘယကင်းဝေးပြီး ကျန်းမာ ပျော်ရွှင်ကြစေကြောင်း လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းကြည်နှင့်ဝန်ထမ်းများက COVID-19 ရောဂါအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးမှုသရုပ်ပြခြင်း၊ ရုပ်ရှင်နှင့်ဂီတအနုပညာရှင်များ၏ COVID-19 ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆောက်ချက်များပါရှိသည့် နံရံကပ်ပြဘုတ်ဖြင့်ပြသခြင်း၊ ကျန်းမာရေးဌာန၏ထုတ်ပြန်ချက်များနှင့် အညီ လူစုလူဝေးမဖြစ်စေရေး၊ တစ်ဦးနှင့်တစ်ဦးသုံးပေအကွာနေထိုင်ခြင်း၊ နှာခေါင်းစည်းများတပ်ဆင်ခြင်း စသည်တို့ကို လိုက်လံနှိုးဆော်ခဲ့ကြသည်။ ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကျန်ရှိနေသောရပ်ကွက်များကိုလည်း COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ခြင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇွဲထက်ကို(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ