နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှာခေါင်းစည်းမဖြစ်မနေဝတ်ဆင်ရန် လိုအပ်သည့်ဥပဒေကို ဘရာဇီးသမ္မတ အတည်ပြု

ဘရာစီလီယာ   ဇူလိုင်    ၄


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း အများပြည်သူများအနေဖြင့် လမ်းပေါ်နှင့် အများပြည်သူ ပို့ဆောင်ရေးစနစ် စသည့်နေရာများတွင် နှာခေါင်းစည်း မဖြစ်မနေဝတ်ဆင်ရန် လိုအပ်သည့်ဥပဒေကို ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက အတည်ပြုခဲ့သည်။ သို့သော် ဈေးဆိုင်များ၊ ဘုရားကျောင်းများနှင့် ကျောင်းများတွင် နှာခေါင်းစည်းတပ်ဆင်ရမည်ဆိုသည့် ပုဒ်မများကို တစ်ချက်လွှတ်အမိန့်ဖြင့် ပယ်ဖျက်ခဲ့သည်။ အဆိုပါနေရာများတွင် နှာခေါင်းစည်းအတင်းအကြပ် ဝတ်ဆင်ခိုင်းခြင်းမှာ ပိုင်ဆိုင်မှုအခွင့်အရေး ချိုးဖောက်ရာရောက်သည်ဟု ယင်းက ဆိုသည်။ 


အစိုးရအနေဖြင့် ပိုမိုထိခိုက်ခံစားရသည့် အုပ်စုများကို နှာခေါင်းစည်းများ ထောက်ပံ့ပေးရန်၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် ယင်းတို့၏ဝန်ထမ်းများအတွက် နှာခေါင်းစည်းများ အခမဲ့ပေးအပ်ရန် လိုအပ်သည်ဆိုသည့် ပုဒ်မများကိုလည်း သမ္မတ ဘော်ဆိုနာရိုက တစ်ချက်လွှတ်အမိန့်ဖြင့် ပယ်ဖျက်ခဲ့သည်။ လွှတ်တော်အနေဖြင့် ဘော်ဆိုနာရို၏ တစ်ချက်လွှတ်အမိန့်များကို ကျော်လွန်နိုင်ရန် ရက် ၃၀ အတွင်း မဲအများစုရရှိအောင် ကြိုးပမ်းရမည်ဖြစ်သည်။


ပြီးခဲ့သည့်ဖေဖော်ဝါရီလနောက်ပိုင်း ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ ဒသမ ၅ သန်းနီးပါးရှိလာခဲ့ပြီး လူ ၆၁၈၈၄ ဦး သေဆုံးခဲ့သည်။ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုမှာ လူမြင်ကွင်းသို့ ထွက်ရာတွင် တစ်ခါတစ်ရံမှသာ နှာခေါင်းစည်းတပ်လေ့ရှိသူဖြစ်သည်။ ဘရာဇီးနိုင်ငံရှိ အချို့ဒေသများတွင် နှာခေါင်းစည်းမဖြစ်မနေ ဝတ်ဆင်ရန် လိုအပ်သည်ဟု စည်းမျဉ်းချမှတ်ထားသော်လည်း မလိုက်နာသူများ ရှိနေဆဲဖြစ်ပြီး ဥပဒေစည်းကြပ်ရာတွင်လည်း လျော့ရဲသည်ဟု ဘရာဇီးနိုင်ငံရှိ ဘီဘီစီသတင်းထောက်က   ဖော်ပြသည်။                                                                                                                               


KNT






အခြားဆက်စပ်သတင်းများ