နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အမြန်ဆုံး EV အဖြစ် ဂျပန်လျှပ်စစ်ကား စံချိန်တင်

တိုကျို ဇွန် ၁၄

ဂျပန်အီလက်ထရွန်နစ်ကား ထုတ်လုပ်သည့် အက်စ်ပါ့ခ်ကုမ္ပဏီ၏ Aspark OWL SP600 ကားသည် အမြန်နှုန်း တစ်နာရီလျှင် ၄၃၈ ဒသမ ၇၃ ကီလိုမီတာအထိ မောင်းနိုင်သည့် ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ကားအဖြစ် စံချိန်တင်သွားပြီ ဖြစ်သည်။

ဂျာမနီနိုင်ငံရှိ ပါပန်ဘာ့ဂ် ကား စမ်းသပ်စက်ရုံတွင်  မောင်းနှင်ရာ အဆိုပါအမြန်နှုန်း  ရရှိခြင်းကြောင့် ပြီးခဲ့သည့်မတ်လက တစ်နာရီ အမြင့် ဆုံး အမြန်နှုန်း ၄၁၅ ကီလိုမီတာဖြင့် ပထမရထားသော Rimac Nevera (ရီမက်ခ် နီဗီရာ) လျှပ်စစ်ကားကို ကျော်တက်သွားပြီ ဖြစ်သည်။

OWL SP600 ကို ကနဦးစမ်းသပ်ရန် အီတလီကုမ္ပဏီတစ်ခုကို တာဝန်ပေး အပ်ထားပြီး လေအလျင်၊ အ၀င် အထွက် စစ်ဆေးခြင်းနှင့် ရက်အတန် ကြာ ကွင်းအတွင်း မောင်းနှင် စမ်းသပ် ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် OWL SP600 ကို ကမ္ဘာ့ စံချိန်တင်ရန် ဆက်လက် ကြိုးစား ရာတွင်  ကျွမ်းကျင်ယာဉ်မောင်း ရှာဖွေရပြီး ချန်ပီယံ မတ်ဘက်ဆန်ကို မောင်းနှင်စေခြင်းဖြစ်ကာ အမြင့်ဆုံး အမြန်နှုန်း ၄၃၈ ဒသမ ၇၃ ကီလို မီတာ အထိ ရောက်ရှိခဲ့သည်မှာ မှန်ကန် ကြောင်း GPS အခြေခံ တိုင်းတာချက် များတွင် ဖော်ပြထားသည်။                                                                                                                                 








(ref: Daily Mail)






အခြားဆက်စပ်သတင်းများ