နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မတော်တဆမှုဖြစ်ခဲ့သည့် စင်ကာပူ လေကြောင်းလိုင်းက ခရီးသည်များကို လျော်ကြေးပေးမည်

စင်ကာပူ ဇွန် ၁၄

ပြီးခဲ့သည့်လက လေထုမငြိမ်သက် မှုကြောင့် မတော်တဆမှု ကြုံတွေ့ခဲ့ရ သည့်  စင်ကာပူလေကြောင်းလိုင်း SQ321  လေယာဉ်ပေါ်ရှိ ခရီးသည်များကို သက်ဆိုင်ရာလေကြောင်းလိုင်းက တောင်းပန်ပြီးနောက် အနည်းအကျဉ်း ထိခိုက်ဒဏ်ရာရသူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ လျော်ကြေးပေးမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါဖြစ်စဉ်အတွင်း လူပေါင်း ဒါဇင်နှင့်ချီကာ ဒဏ်ရာရခဲ့ပြီး အချို့ သည် ပြင်းထန်ဒဏ်ရာများရခဲ့ကာ သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံး ခဲ့သည်။

အနည်းအကျဉ်းထိခိုက်ဒဏ်ရာရသူများကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ (စင်ကာပူဒေါ်လာ ၁၃,၅၀၀) ပေးမည်ဖြစ်သော်လည်း ပြင်းထန် ဒဏ်ရာရသူများကို ၎င်းတို့ကျန်းမာ ရေးအခြေအနေ ကောင်းမွန်လာပါက အသေးစိတ် တွေ့ဆုံဆွေးနွေးကာ သီးခြားလျော်ကြေးငွေများ ထပ်မံပေး ဆောင်ရန် စီစဉ်ထားကြောင်း လေကြောင်းလိုင်းတာဝန်ရှိသူများက ပြောသည်။

ပြင်းထန်ဒဏ်ရာများ ရရှိသဖြင့်  ရေရှည် ဆေးကုသမှုခံယူရန် လိုအပ် သောကြောင့် ငွေကြေးအကူအညီ တောင်းခံထားသည့် ခရီးသည်များ ကိုလည်း ၎င်းတို့၏ လတ်တလော လိုအပ်ချက်ကို  ဖြေရှင်းနိုင်ရန် အမေရိ ကန်ဒေါ်လာ ၂၅,၀၀၀ ကို ကြိုတင် ပေးချေထားသည့်အပြင် ခရီးသည် တစ်ဦးမကျန် လေယာဉ်လက်မှတ်ခ ပြန်အမ်းပေးမည်ဖြစ်ကြောင်း  သိရ သည်။                             








(ref: CNA)






အခြားဆက်စပ်သတင်းများ